MNP ၊ ဧပြီ ၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ရုံးအနေဖြင့် ပြည်သူများဗဟုသုတရရှိစေရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လူငယ်များဖွံ့ဖြိုးတိုးတက်ရန် လူငယ်နှင့်စာပေဖတ်ရှုခြင်း အကြောင်း အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြသခြင်းကို ဧပြီလ(၅)ရက်၊ နံနက်(၁၀)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ယနေ့အချိန်အခါတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာပေအသိပညာသည်များစွာ လိုအပ်လာပါကြောင်း၊ လူငယ်များအနေဖြင့် စာပေကို မပြတ်ဖတ်ရှုနိုင်မှသာ စဉ်းစားဆုံးဖြတ်နိုင်စွမ်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ရုပ်ဝတ္ထုပိုင်းတွင် တိုးတက်လာသကဲ့သို့ စာပေဗဟုသုတတွင်လည်း တိုးတက်လာရန် လိုအပ်ပါကြောင်းတို့ကို တက်ရောက်လာသည့် လူငယ်များနှင့်အတူ အပြန်အလှန်ဆွေးနွေးကြသည်။
ထို့နောက် မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်တွင် လူငယ်နှင့်သက်ဆိုင်သည့် စိတ်ခွန်အားဖြည့် စာအုပ်များ၊ သမိုင်းအကြောင်းအရာများ၊ အတတ်ပညာဆိုင်ရာစာအုပ်များ စသည့် သုတရသစာအုပ်များကို ခင်းကျင်းပြသထားရာ ဟောပြောပွဲသို့ တက်ရောက်လာသည့် လူငယ်များက လေ့လာကြည့်ရှုပြီး စာကြည့်တိုက်အသင်းဝင်၍ စာအုပ်များ ငှားရမ်းခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး
https://t.me/MyanmarNationalPost
No comments:
Post a Comment