ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာရှိ ယာယီခိုလှုံရာစခန်း၌ ခေတ္တခိုလှုံနေထိုင် လျက်ရှိသော ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များနှင့် ဌာနဆိုင်ရာဝန် ထမ်းများအား ထောက်ပံ့ငွေနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာရှိ ယာယီခိုလှုံရာစခန်း၌ ခေတ္တခိုလှုံနေထိုင် လျက်ရှိသော ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များနှင့် ဌာနဆိုင်ရာဝန် ထမ်းများအား ထောက်ပံ့ငွေနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်



MNP ၊ ဧပြီ ၄

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာရှိ ယာယီခိုလှုံရာစခန်း၌ ခေတ္တခိုလှုံနေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နေ့လယ်ပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ် သိန်း ၁၅၀ ကျော်နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တို့မှ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ထောက်ပံ့သည့် စားသောက် ကုန်ပစ္စည်းများကို တာဝန်ရှိသူများထံ ပေးအပ်သည်။


ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများ အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)