မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျေးရွာကွန်ကရစ်လမ်း အလျား၃၇၂၀ပေအားကိုယ်ထူကိုယ်ထ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျေးရွာကွန်ကရစ်လမ်း အလျား၃၇၂၀ပေအားကိုယ်ထူကိုယ်ထ ဆောင်ရွက်




MNP ၊  ဧပြီ ၂၀

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိင်ကျွန်းမြို့နယ် မယ်ဇလီပုသိမ်စုကျေးရွာအုပ်စု ဂျုံးဂျုံးဂျကျေးရွာလမ်းမကြီးကို ကျေးရွာနေပြည်သူများမှကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းအားဧပြီ၁၁ရက်နေ့မှစ၍ ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။


 အဆိုပါ ကွန်ကရစ်လမ်းအား အလျား ၃၇၂၀ပေ၊ အကျယ်၉ပေ၊ ထု၆လက်မအားပြုလုပ်ဆောင်ရွက်ရာ ကျပ်သိန်းပေါင်း ၄၀၀ ဝန်းကျင်ခန့်ကုန်ကျမည်ဟုသိရသည်။


ယင်းသို့ ကျေးရွာလမ်းမကြီးအားကွန်ကရစ် ခင်းနိုင်ရန်အတွက်ဆောင်ရွက်ရာတွင်     "ကျွန်တော်တို့ကျေးရွာသည် အိမ်ခြေပေါင်း၁၂၀ခန့်ရှိပြီး အခြေခံလူတန်းစား အများစုနေထိုင်သောကျေးရွာဖြစ်သည်။ ထို့ကြောင့် ကျေးရွာလမ်းမကြီးကွန်ကရစ်ခင်းနိုင်ရန်အတွက်တစ်အိမ်လျှင်နေ့စဥ် ၃၀၀ကျပ်ကိုစုထည့်၍အိမ်ခြေပေါင်း၁၂၀ မှ စုပေါင်းငွေဖြင့်ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ပြီး၊ မြိုနယ် စစ်မှူးထမ်းဟောင်းအဖွဲ့မှ ၁သိန်းကျပ်လှူဒါန်းပေးပါတယ်။ ကျွန်တော်တို့ကျေးရွာသည် မော်လမြိုင်ကျွန်းမြို့နှင်တဆက်တည်းတည်ရှိနေသောကြောင့် အခုဆောင်ရွက်နေသော ကျေးရွာကွန်ကရစ်လမ်းကြီးပြီးစီးသွားရင်ကျေးရွာရှိ ကျောင်းသားခလေးသူငယ်များနှင့် ရဟန်း၊ရှင်၊ လူ ၊ပြည်သူများသည် ပညာရေး၊ ကျမ်းမာရေး၊ လူမူရေးနှင့် ဒေသထွက်ကုန်များရောင်းဝယ်ရာတွင် အစဥ်ပြေစွာသွားလာနိုင်မည်" ဟု ကျေးရွာကွန်ကရစ်လမ်းဖြစ်မြောက်ရေးကော်မတီအဖွဲ့ မှ ဦလှမင်းက ရှင်းလင်းပြောပြသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)