MNP ၊ ဧပြီ ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ လူငယ်ကလေးများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး နွေရာသီကျောင်းပိတ်ရက်ကာလ၌ ကွန်ပျူတာအခြေခံပညာသင်တန်းကို ဧပြီလ (၁) ရက်နေ့မှ စတင်ကာ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းအား စျေးမရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ လူငယ်ကလေးများအား နွေရာသီကျောင်းပိတ်ရက်တွင် ကွန်ပျူတာ အခြေခံပညာတတ်မြောက်သည်အထိ စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိပြီး သင်တန်းနည်းပြဆရာမ ဒေါ်သီရိမွန် PGDMA အလယ်တန်းပြနှင့် စာရေး(၁) ဦးလှဝေတို့မှ ဧပြီလ (၁)ရက်နေ့ နံနက် (၈) နာရီမှ (၁၁)နာရီ (၄၅)မိနစ်အချိန်အထိ ဧပြီလ (၅) ရက်နေ့ အထိ စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိရာ ကျောင်းသားလူငယ်ကလေးများအနေဖြင့် ကွန်ပျူတာအခြေခံပညာသင်တန်းအား သင်ယူခြင်းအားဖြင့် မိမိတို့ငယ်စဥ်အခါ ကျောင်းသားဘဝမှစပြီး အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ပြီး လူနေမှုဘဝမြင့်မားသည့် အတွေးအခေါ်ကောင်းများ ကျောင်းသားသူငယ်ချင်း အချင်းချင်းရင်းနှီး ချစ်ခင်စုပေါင်း လုပ်ဆောင် တတ်မြောက်သင်ကြားလေ့လာတတ်ခြင်း၊ အတွေးအခေါ် အယူအဆမှန်ကန်စွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ကွန်ပျူတာ သင်တန်းအား ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်းကို ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ရီထံမှ သိရှိရပြီး အဆိုပါသင်တန်းသို့ ကျောင်းသား (၁၃)ဦး၊ ကျောင်းသူ(၁၇)ဦး စုစုပေါင်း(၃၀)ဦး တက်ရောက်သင်ကြား လျက်ရှိကြောင်းကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment