ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် ၄ မြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား သီတဂူစက္ခု ဒါနဆေးရုံတော်ကြီးတွင် အခမဲ့စမ်းသပ်ကုသပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် ၄ မြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား သီတဂူစက္ခု ဒါနဆေးရုံတော်ကြီးတွင် အခမဲ့စမ်းသပ်ကုသပေး



MNP ၊ ဧပြီ ၅

“ဘုရားရှင်ကို ချစ်ကြည်ညိုက သူအိုသူနာအနာထာကို မေတ္တာပို၍ ရိုသေလေးမြတ် လုပ် ကျွေးအပ်၏’’ ဟူသည့် ဘုရားဟောတရားနှင့်အညီ နိုင်ငံတော်သြဝါဒါစရိယ ရွှေကျင်သာသနာ ပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ ဆရာတော် ကြီး ဦးဆောင်ကြီးကြပ်မှုဖြင့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ဒဂုံမြို့ သစ်တောင်ပိုင်းမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်းရှိ မျက်စိဝေဒနာရှင်များအား မျက်စိကု ဆရာဝန်ပါရဂူကြီးများက ယနေ့နံနက်ပိုင်းတွင် သီတဂူစက္ခုဒါန ဆေးရုံတော်ကြီး၌ စတင်၍ အခမဲ့ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။     


ယင်းသို့ မျက်စိအခမဲ့စမ်းသပ်ကုသပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ပထမ အကြိမ်စတင် ကုသပေးခြင်းဖြစ်ပြီး ဒဂုံမြို့သစ် ၄ မြို့နယ်မှ မျက်စိဝေဒနာရှင်များအား မျက်စိ ကုကျွမ်းကျင် ဆရာဝန်ပါရဂူကြီးများက ပထမနေ့အဖြစ်ကုသပေးရာ ယနေ့တွင် အခမဲ့စမ်းသပ် ကုသပေးသူ ၃၄၄ ဦး၊ ခွဲစိတ်ကုသပေးရန် ၉၆ ဦးရှိကြောင်း၊ လာရောက်ဆေးကုသမှု ခံယူသူများအား အာဟာရဒါန ကျွေးမွေးခဲ့ကြောင်းနှင့် ကုသမှုများကို ဧပြီ ၁၀ ရက်အထိ အခမဲ့စမ်းသပ် ကုသပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


သီတဂူဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ အနေဖြင့်  တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၌ သီတဂူစက္ခုဒါနဆေးရုံ ၄၄ ရုံ ဖွင့်လှစ်ပြီး မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ရာ ၁၉၉၉ ခုနှစ်၊ ဧပြီလမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအထိ မျက်စိစမ်းသပ်ကုသခံယူသူ ၅၄၈၅၀၄ ဦးနှင့် မျက်စိခွဲစိတ်ကုသမှု ခံယူသူ ၁၀၅၂၃၄ ဦး ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)