ဘီးလင်းမြို့နယ်၌ခွေးရူးပြန် ရောဂါကာကွယ်ဆေး ပထမအကြိမ်(အခမဲ့)ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်၌ခွေးရူးပြန် ရောဂါကာကွယ်ဆေး ပထမအကြိမ်(အခမဲ့)ထိုးနှံပေး





MNP ၊  ဧပြီ ၂၁

  မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ခွေးရူးပြန် ရောဂါ ကာကွယ်ဆေး ပထမအကြိမ် (အခမဲ့)ထိုးနှံပေးခြင်း ကို ယနေ့နံနက် ၉ နာရီမှ စတင်ကာ ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။


  အဆိုပါ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ရာတွင်ဘုန်းတော်ကြီးသင်စာသင်တိုက်များမှရဟန်း ၊သာမ​ဏေများ၊ သီလရှင်ဆရာလေးများ Delivery များ၊ ဆိုင်ကယ် ကယ်ရီမောင်းနှင်သူများ၊ စည်ပင် ဝန်ထမ်းများ၊ စာပို့ဝန်ထမ်းများ နှင့် အခြားဝန်ထမ်း များကို ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ကျန်းမာ​ရေးဝန်ထမ်းများက တာဝန်ယူထိုးနှံ ပေးလျက်ရှိသည်။


  အဆိုပါ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ပထမ အကြိမ်(အခမဲ့)ထိုးနှံပေးခြင်းကို ဧပြီ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ နေ့စဥ် နံနက်၉ နာရီ မှ ညနေ ၄ နာရီ အတွင်း ထိုးနှံပေးလျက်ရှိရာ ပထမအကြိမ်တွင် ကာကွယ်ဆေးအလုံး(၄၀၀)ထိုးနှံပေးသွားမည်ဖြစ်ပြီး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဧပြီ ၂၇ ရက်နေ့ တွင် ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


ထူး​နောင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)