ကျေးလက်ဒေသနေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် တောင်ညိုကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေ(သတ္တမ) အကြိမ် ငွေထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျေးလက်ဒေသနေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် တောင်ညိုကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေ(သတ္တမ) အကြိမ် ငွေထုတ်ချေးပေး


MNP ၊  ဧပြီ ၂၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသနေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျေးရွာဖြစ်သည့် တောင်ညိုကျေးရွာမှ အသင်းသူအသင်းသားများ ၊ ကျေးရွာစီမံကိန်းလုပ်ငန်း  ကော်မတီအဖွဲ့ဝင်များနှင့် ယနေ့ နံနက်ပိုင်းက တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းဆောင်ရွက်ရခြင်း၏ အကျိုးကျေးဇူးများ နှင့် ဒေသခံပြည်သူများအား (သတ္တမ)အကြိမ်မြောက် ပြန်လည်ထုတ်ချေးပေးကြသည်။


အဆိုပါ တောင်ညို ကျေးရွာ မြစိမ်းရောင်ရန်ပုံငွေစီမံကိန်း(သတ္တမ)အကြိမ်မြောက် ထုတ်ချေးရာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၅၉ ဦးအား ရန်ပုံငွေ ၂၀၀၀၀၀၀၀ ၊မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ ၈ ဦးအား ၂၂၀၀၀၀၀ ၊ရေလုပ်ငန်း လုပ်ကိုင်သူ ၃၅ ဦးအား ရန်ပုံငွေ ၁၁၅၀၀၀၀၀ နှင့် အရောင်းအဝယ် လုပ်ကိုင်သူ ၁၅ ဦးအား ရန်ပုံငွေ ၅၀၀၀၀၀၀ ၊ အသင်းသူအသင်းသား စုစုပေါင်း ၁၁၇ ဦးတို့ကို  ရန်ပုံငွေ စုစုပေါင်း ၃၈၇၀၀၀၀၀ အား ကျေးရွာမြစိမ်းရောင်ကော်မတီဝင်များမှ ထုတ်ချေးပေးမှုကို မြို့နယ်ဦးစီးမှူး ဦးဦးသန်းထွန်း နှင့် ဝန်ထမ်းများမှ သွားရောက်ကြီးကြပ်ဆောင်ရွက်ပေးကြ ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)