ကန့်ဘလူမြို့ပေါ်တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ သင်္ကြန်ရေပတ်ဖြန်းနိုင်ရေး လုံခြုံရေးအစီအမံများ စနစ်တကျ ဆောင်ရွက်ထားကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့ပေါ်တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ သင်္ကြန်ရေပတ်ဖြန်းနိုင်ရေး လုံခြုံရေးအစီအမံများ စနစ်တကျ ဆောင်ရွက်ထားကြောင်း သိရ









MNP ၊ ဧပြီ ၁၅

ကန့်ဘလူမြို့ပေါ်တွင် သင်္ကြန်ကာလအတွင်း ပြည်သူများပျော်ရွှင်စွာ ရေကစားနိုင်အောင် စီစဉ်ဆောင်ရွက်ထားမှု အခြေအနေနှင့် ပတ်သက်၍ ဆရာတော်ဦးဝါသဝထံ ဆက်သွယ်မေးမြန်းရာ ဆရာတော်က ကန့်ဘလူမြို့ပေါ်မှာ ပြည်သူတွေ အေးချမ်းပျော်ရွှင်နိုင်စေဖို့ ဗျူဟာမှူးက ဦးဆောင်ပြီး တာဝန်ရှိသူတွေက လုံခြုံရေးဆိုင်ရာအစီအမံတွေ စနစ်တကျ ဆောင်ရွက်ပေးထားပါတယ်ဟု ပြောသည်။

ဆရာတော်ဦးဝါသဝ (ငါးရာငါးဆယ်ဆရာတော်) က "သင်္ကြန်အကြိုနေ့ကစပြီး ကန့်ဘလူမြို့ပေါ် ဗဟိုမဏ္ဍပ်မှာရော တရားရေကစားတဲ့ နေရာတွေမှာ ပြည်သူတွေ ပျော်ပျော်ပါးပါး ရေကစားနေတာကို တွေ့ကြပါလိမ့်မယ်။ ကန့်ဘလူခရိုင်တာဝန်ရှိသူများကရော၊ မြို့နယ်တာဝန်ရှိသူများကရော၊ ကန့်ဘလူဗျူဟာမှူးက ဦးဆောင်ပြီး နယ်မြေခံတပ်ရင်းတပ်ဖွဲ့တွေ၊ ရဲတပ်ဖွဲ့တွေက လုံခြုံရေးအတွက် စနစ်တကျ ဆောင်ရွက်ပေးထားတား ဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေ အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်တာ ဖြစ်ပါတယ်။ ဆရာတော်အနေနဲ့တော့ ခရိုင်တာဝန်ရှိသူတွေကိုရော၊ မြို့နယ်တာဝန်ရှိသူတွေကိုရော၊ ကန့်ဘလူဗျူဟာမှူးက ဦးဆောင်ပြီး နယ်မြေခံ တပ်ရင်းတပ်ဖွဲ့တွေ၊ ရဲတပ်ဖွဲ့တွေအနေနဲ့ လုံခြုံရေးသတိနဲ့ စနစ်တကျ ဆောင်ရွက်ပေးထားတာကို သဘောကျတယ်။ လေးစားဂုဏ်ပြုပါတယ်။ ပြည်သူတွေ အနေနဲ့ ဒီလို မပျော်ရွှင်နိုင်တာ ကြာပြီလေ။ မိမိတို့ရဲ့ နှစ်သစ်ကူးအခါကာလမှ အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ လုံခြုံရေးဆိုင်ရာ အစီအမံတွေကို အထူးစပါယ်ရှယ် လုပ်ပေးထားတဲ့ တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။" ဟု မိန့်ကြားသည်။

ကန့်ဘလူမြို့ပေါ်မဏ္ဍပ်တွင် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ပြည်သူများ ပျော်ရွှင်နေကြသည်ကို မြင်တွေ့ရပြီး စတုဒီသာ ကျွေးမွေးလှူဒါန်းမှုများကိုလည်း စဉ်ဆက်မပြတ် ကျွေးမွေးလှူဒါန်းလျက်ရှိကြောင်း သိရသည်။

ဆရာတော်ဦးဝါသဝ သီတင်းသုံးနေထိုင်ရာ မှော်တော်ကျေးရွာတွင်လည်း ပြည်သူများအေးချမ်းပျော်ရွှင်နိုင်စေဖို့ မဏ္ဍပ်ထိုး၍ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဆောင်ရွက်ပေးထားကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment