ရေဖြူမြို့ လူထုအခြေပြုဗဟိုဌာနတွင် နေ့စဥ်သုံး အင်္ဂလိပ်စကားပြောသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေဖြူမြို့ လူထုအခြေပြုဗဟိုဌာနတွင် နေ့စဥ်သုံး အင်္ဂလိပ်စကားပြောသင်တန်း ဖွင့်လှစ်




MNP ၊  ဧပြီ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကလေးငယ်များနွေရာသီကျောင်းပိတ်ရက်အတွင်း ပညာဗဟုသုတရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉နာရီက နေ့စဥ်သုံးအင်္ဂလိပ်စကားပြောသင်တန်း စတင်ဖွင့်လှစ်ကြောင်းသိရသည်။


အဆိုပါသင်တန်းတွင် အ-ထ-က ရေဖြူမှအလယ်တန်းအဆင့်ကျောင်းသူ ကျောင်းသား (၂၅)ဦး တက်ရောက်ကြပြီး ရေဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဖြူဖြူရှိန်က သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


နေ့စဥ်သုံးအင်္ဂလိပ်စကားပြောသင်တန်းကာလမှာ ဧပြီလ(၁၉)ရက်နေ့မှမေလ(၃၁)ရက်နေ့အထိ တနင်္ဂနွေနေ့မပါဘဲ နံနက် ၉ နာရီမှ ၁၀ နာရီခွဲထိ နေ့စဥ်ပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။


ခတ္တာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)