တန့်ယန်းခရိုင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ယန်းခရိုင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP ၊  ဧပြီ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။


အဆိုပါ ညှိနှိုင်းအစည်းဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်နှင့်မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းညှိနှိုင်းကာ ပေါင်းစပ်ဆောင်ရွက်ရန်အတွက်လည်းကောင်း၊ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် ရပ်ကွက်တိုင်း ဝိုင်းဝန်းဆောင်ရွက်ရေး၊ နိုင်ငံစီးပွား မြှင့်တင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ကိစ္စရပ်များနှင့် လူ့စွမ်းအားအရင်းအမြစ်များအတွက် ပညာရေး၊ ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များ၊ သစ်တော၊ ရေအရင်းအမြစ်၊ မြေအသုံးချမှုများ ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူတို့က လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။


ယင်းနောက် တန့်ယန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်၊ တာဝန်ရှိဌာန ဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် တင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြကြောင်း သိရသည်။


မင်းလွင်ဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)