ကျောက်ဆည်မြို့နယ် သင်ပျိုကျေးရွာတွင် ရုံးပတီသီးနှံစိုက်ပျိုး ရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ် သင်ပျိုကျေးရွာတွင် ရုံးပတီသီးနှံစိုက်ပျိုး ရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိ



MNP ၊  ဧပြီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သင်ပျိုကျေးရွာတွင် ရုံးပတီသီးနှံ စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိကာ မိသားစုများစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။


ရုံးပတီသီးနှံသည် ရေကြိုက်နှစ်သက်သည့် သီးနှံဖြစ်သောကြောင့် ရေသွင်းရေထုတ် လွယ်ကူစေရန် မြေဘောင်များ ပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင် တစ်တောင်ခန့်အကွာ အစေ့တိုက်ရိုက်ချ စိုက်ပျိုးကြကြောင်း၊ အပင်သက်တမ်း(၁)လသားအရွယ်တွင် အပင်သားခွဲခြင်း၊ မြေဆွခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊ မြေဆီထည့်ခြင်း၊ ရေသွင်းခြင်းများပြုလုပ်ခြင်းဖြင့် အပင်ကြီးထွားမှု လျှင်မြန်ပြီး အသီးအထွက်နှုန်း ကောင်းမွန်ကြောင်း၊ အပင်ပြုစု ကောင်းပါက ရက်ပေါင်း(၉၀)အထိ ခူးဆွတ်ရောင်းချပြီး ကိုင်းကျွန်းနုန်းမြေနုများတွင် စိုက်ပျိုးပါက ပိုမိုကောင်းမွန်ကြောင်း တောင်သူဦးထွန်းကျော်က ပြောပြသည်။


ရုံးပတီသီးနှံ တစ်ဧကစိုက်ပျိုးပါက ရေရရှိမှု၊ မြေအမျိုးအစားနှင့် သွင်းအားစုများအပေါ် မူတည်ပြီး ကုန်ကျငွေ ကျပ်(၂)သိန်းမှ (၂)သိန်းခွဲခန့်ကုန်ကျကြောင်း စိုက်ပျိုးပြီး ရက်ပေါင်း(၆၀)ကျော်တွင် စတင်ခူးဆွတ် ရောင်းချရပြီး စတင်ခူးဆွတ်ရာတွင် ပိဿာချိန်(၁၂)ပိဿာခန့် ရရှိပြီး အသီးလှိုင်ချိန်တွင် အချိန်(၆၀)ပိဿာအထိ ခူးဆွတ်ရောင်းချရကြောင်း အဝယ်ဒိုင်များမှ နေ့စဉ်ထွက်ရှိသော ရုံးပတီသီးနှံများကို (၁)ပိဿာလျင် ငွေကျပ် (၁)ထောင်နှုန်းဖြင့် လာရေက် ဝယ်လျက်ရှိသောကြောင့် ရုံးပတီသီးနှံ စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက် ရှိကြောင်း သိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)