အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ အဋ္ဌာရသမ ကြိမ်မြောက် စုပေါင်း ရဟန်းခံ၊ ရှင်ပြု၊ အလှူတော်မင်္ဂလာပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ အဋ္ဌာရသမ ကြိမ်မြောက် စုပေါင်း ရဟန်းခံ၊ ရှင်ပြု၊ အလှူတော်မင်္ဂလာပြုလုပ်




MNP ၊ ဧပြီ  ၂၀

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ အဋ္ဌာရသမ ကြိမ်မြောက် စုပေါင်း ရဟန်းခံ၊ ရှင်ပြု၊ အလှူတော်မင်္ဂလာကို ဧပြီ ၁၉ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ရန်အောင်မြင် ကျောင်းတိုက်၌ပြုလုပ်ရာ မဟာဗောဓာရုံကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ နာရဒ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ရဟန်းလောင်းများ၊ ရှင်သာမဏေလောင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ရဟန်းလောင်းများ၊ ရှင်သာမဏေ လောင်းများ၊ ၎င်းတို့၏ မိဘများနှင့်အတူ လားရှိုးမြို့အတွင်း ရှင်လောင်းလှည့် လည်ပြသခဲ့ပြီး ရန်အောင်မြင်ကျောင်းတိုက်ရှိ ရန်အောင်မြင်ဘုရားအား လက်ယာရစ် လှည့်လည်ပူဇော်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ရှင်သာမဏေလောင်းများအား ဘိသိတ်သွင်းခြင်း၊ ရဟန်း လောင်းများ၊ ရှင်သာမဏေလောင်းများအား ဆံချမင်္ဂလာပြုလုပ်ပြီး ဆရာတော် ကြီးများက  ရဟန်းလောင်း ၅၅ ပါးနှင့် ရှင်သာမဏေလောင်း ၉၀ ပါး တို့ကို သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ပေးကြသည်။


ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ပင့်သံဃာ ၂၄ ပါး၊ ကျောင်းတိုက်အတွင်း သီတင်းသုံးလျက်ရှိသော ဆရာတော်၊ သံဃာတော် ၄၀ ပါး၊ ဒုလ္လဘရဟန်း ၅၅ ပါးနှင့် သာမဏေ ၉၀ ပါး စုစုပေါင်း ၂၀၉ ပါးတို့ကို သိမ်ဆင်းလောင်း လှူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက မဟာ ဗောဓာရုံကျောင်းတိုက် ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ သံဃာတော်များ ရွတ်ပွားချီးမြှင့် တော်မူ သော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက် ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး ဇမ္ဗူအေး အေတီတပ်ဦး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဥတ္တမ ထံမှ အနုမောဒနာတရားနာကြားကာ ရေစက်သွန်းချ အမျှပေးဝေ ကြသည်။ အခမ်းအနားအပြီးတွင် တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော် များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပြီး ဧည့်ပရိတ်သတ်များနှင့် ဒေသခံပြည်သူများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးကြသည်။


အဆိုပါ ရဟန်းခံ/ ရှင်ပြု အလှူတော်မင်္ဂလာတွင် တိုင်းစစ်ဌာနချုပ်နှင့် လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ  စုစုပေါင်း ၁၄၅ ပါးတို့ကို သာသနာ့ဘောင်အတွင်းသို့ သွတ်သွင်း ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။  


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)