Pages

Pages

ရွှေကျင်မြို့တွင် စာဖတ်ဝိုင်းကျင်းပ


MNP ၊  ဧပြီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ (၃)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း (Book Club) တို့ပူးပေါင်း၍ စာရေးဆရာ တင်လင်းဇော် ရေးသားသည့် "လေဆန်သည့်ငှက် လှိုင်းထက်ကလှေ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး၊ ရည်ရွယ်ချက်များကို ပြောကြားပြီး စာအုပ်တွင်ပါရှိသော "အခန်း(၁)နှင့်အခန်း(၂)"ကိုလည်းကောင်း၊ စာပေချစ်မြတ်နိုးသူ ဦးလှသောင်းက "အခန်း(၃)နှင့်အခန်း(၄)"ကိုလည်းကောင်း၊  (Women Club)အဖွဲ့ဝင် ဒေါ်‌ခင်‌ဌေးက "အခန်း(၅)နှင့်အခန်း(၆)"ကိုလည်း‌ကောင်း၊ ဒေါ်ထွေးကြည်က "အခန်း(၇)နှင့်အခန်း(၈)"ကိုလည်းကောင်း အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများမှ စာအုပ်၏အနှစ်သာရများနှင့် လေ့လာမှတ်သားစရာများဖြစ်သည့် လူမှုဘဝအတွေ့အကြုံများ၊ အပြောအဆို အနေအထိုင်များနှင့်သုတ/ရသ ရရှိပုံများကို ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခြင်းဖြင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာတို့ကိုရရှိ‌စေသည့်အပြင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ တိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။


ထွန်းထွန်းဇော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment