Pages

Pages

အုတ်ဖိုမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး


MNP ၊  ဧပြီ ၂၂

ကျန်းမာတက်ကြွသောလူကြီးဘဝကို ဖြတ်သန်းနိုင်စေရန်ရည်ရွယ်၍ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။


အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးသက်ဝင်းဦးဆောင်၍ အေးမြသာယာတိုက်နယ်ဆေးရုံ ဆရာဝန်ဒေါက်တာသီရိရွှေစင်လှိုင်၊ အိုးသည်ကုန်းတိုက်နယ်ဆေးရုံဆရာဝန် ဒေါက်တာအေးမင်းသော်နှင့် ကျန်းမာရေး ဝန်ထမ်းများက စစ်ဆေးကုသပေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး လစဉ်(၂၁)ရက်နေ့တိုင်း အခမဲ့စစ်ဆေး ကုသပေးလျက်ရှိကြောင်း သိရသည်။


အလားတူ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်  ကျန်းမာရေးစောင့်ရှောက်မှုခံယူကြမည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအနေဖြင့်  လစဉ် (၂၁) ရက်နေ့ ရောက်တိုင်း သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ဆေးရုံကြီးများသို့ သွားရောက်ပြီး ဆေးကုသမှုခံယူနိုင်ကြောင်း သိရသည်။


အောင်သူ

 https://t.me/MyanmarNationalPost




No comments:

Post a Comment