အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာစွမ်းရည်မြှှင့်သင်တန်းသင်ခန်းစာမှတ်စုစာ အုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာစွမ်းရည်မြှှင့်သင်တန်းသင်ခန်းစာမှတ်စုစာ အုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်




MNP ၊  ဧပြီ ၂၁

 ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နေ့ လည် ၁ နာရီအချိန်က လုပ်ငန်းကျွမ်း ကျင်မှုဆိုင်ရာစွမ်းရည်မြှှင့်သင်တန်းသင်ခန်းစာမှတ်စုစာ အုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ် ပြုလုပ်ခဲ့သည်။


    စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက ဝန်ထမ်းများအ နေဖြင့် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာစွမ်းရည်မြှှင့်သင်တန်းသင်ခန်းစာမှတ်စု စာအုပ်ပါ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊သတင်းမီဒီယာဥပဒေနှင့်နည်းဥပဒေများဘာသာရပ်သင်ခန်းစာမှတ်စုပါ နိုင်ငံဝန်ထမ်းဥပဒေနည်းဥပဒေကို ကျေကျေ ညက်ညက်လေ့လာသိ ရှိနားလည်နိုင်ရန် လိုအပ်ပါကြောင်းဦးစွာပြောကြားခဲ့သည် ။ ဆက်လက်၍ နိုင်ငံ့ဝန်ထမ်းဥပ​ေဒနည်းဥပဒေ သင်ခန်းစာမှတ်စုပါ နိုင်ငံ့ဝန်ထမ်းဥပဒေန​ည်းဥပဒေ များပါ ပြ ဌာန်းချက်များမှ နိုင်ငံ့ဝန်ထမ်းဥပဒေ၊နည်းဥပဒေများပါအကြောင်းအရာများအား ဝန်ထမ်းတစ်ဦးချင်း ဖတ်ကြား ဆွေးနွေးခဲ့ကြသည်။ 


ထို့နောက် ဝန်ထမ်း ၏ ဖတ်ကြားဆွေးနွေးချက်များအပေါ် ဦးစီးအရာရှိက ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေး နွေးပွဲကို တစ်လလျှင်အနည်းဆုံး(၂) ကြိမ်နှုန်းဖြင့် ဝန်ထမ်းများနှင့်သက်ဆိုင်သည့် စာအုပ်ပါအကြောင်းအရာ ခေါင်း စဉ်များအလိုက် ဝန်ထမ်းများ စွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေရန်ပြုလုပ်  ပေးလျက်ရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)