ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဘဏ္ဍာရေးစည်းမျဉ်းများ ရှင်းလင်းပွဲတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဘဏ္ဍာရေးစည်းမျဉ်းများ ရှင်းလင်းပွဲတက်ရောက်

 



MNP ၊ ဧပြီ ၆

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဘဏ္ဍာရေးစည်းမျဉ်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေ‌ငွေ စာရင်းဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။


ဦးစွာ  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဘဏ္ဍာရေးစည်းမျဉ်းများကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ရှင်းလင်းပွဲသို့ တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က“နိုင်ငံ့စီးပွားရေး မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှ ထုတ်ကုန်များကြိုးပမ်းထုတ်လုပ် ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ အများအကျိုးဖြစ်ထွန်းရေးအတွက် ထောက်ပံ့ငွေများ ချထားပေးခြင်းဖြစ်ပြီး အဆိုပါငွေများ အကျိုးရှိရှိသုံးစွဲနိုင်ရေး အတွက်လည်း သက်ဆိုင်ရာဌာနများကလည်း ဝိုင်းဝန်းပူးပေါင်း ဆွေးနွေးကြစေလိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သက်သည့် MSMEလုပ်ငန်းများအတွက်လည်း သုံးစွဲရမှာဖြစ်ပြီး တကယ်လုပ်မည့်သူများ ဖြစ်ရန်နှင့် အကျိုးရှိရန်လိုပါကြောင်း၊ ကုန်ထုတ်လုပ်ငန်းများ အောင်မြင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးအား အခြေခံရမှာဖြစ်ပါကြောင်း၊ ရန်ပုံငွေသုံးစွဲရေးနှင့် ပတ်သက်၍  ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အလေးထား လိုက်နာဆောင်ရွက်ရန် လိုပါကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးကလည်း လုပ်ငန်းများ အောင်မြင်စေရေး၊ အချိန်မီရရှိသုံးစွဲနိုင်ရေး ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးအတွက် အမှန်တကယ်အကျိုးရှိစေရေး တက်ရောက် လာသူများကလည်း ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ကြရန်” အမှာစကားများ ပြောကြားခဲ့ပြီး အစည်းအဝေးအားရုပ်သိမ်းခဲ့ကြောင်းသိရသည်။


လှမင်းထွဋ်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)