MNP ၊ ဧပြီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်း ဆင်းပွဲအခမ်းနားကို ယမန်နေ့ ညနေ(၃)နာရီအချိန်က ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးအေးလွင်က ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် နွေရာသီအားလပ်ရက်ကာလများတွင် အချိန်ကိုအကျိုး ရှိရှိအသုံးချတတ်စေရန်၊ အားကစားနည်းတစ်ခုခု၏ အခြေခံပညာရပ်ကို လေ့ကျင့်လိုက်စားခြင်းဖြင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်မောင်မယ်များ ပေါ်ထွန်းလာစေရန် ဒီသင်တန်းမှစ၍ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် အားကစားနည်း (၇)မျိုးကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက်ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသား/ သင်တန်းသူများထံသို့ သင်တန်းဆင်းလက်မှတ်ပေးအပ်ပြီး မြို့နယ်စီမံရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်တန်းသူများ၏ Fitness Dance သရုပ်ပြမှုအား ကြည့်ရှုအားပေးပြီး ခရိုင်အာကာမှူးဦးဝင်းထိန်က ဂုဏ်ပြုချီးမြင့်ငွေများ ပေးအပ်ကာ အခမ်းနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ နွေရာသီအားကစားသင်တန်းတွင် အားကစားနည်း(၇)မျိုးကို သင်ကြားပေးခဲ့ပြီး သင်တန်းသား/ သင်တန်းသူ (၇၅)ဦး တက်ရောက်ခဲ့ရာ သင်တန်းကာလမှာ (၁.၃.၂၀၂၃)ရက်နေ့မှ (၃.၄.၂၀၂၃)ရက်နေ့ အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment