တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေး မေလတွင် ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေး မေလတွင် ကျင်းပမည်


MNP ၊ ဧပြီ ၂၉

တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးကို မေလတွင် တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် မြို့တော် ရှီးအန်း၌ ကျင်းပမည်ဖြစ်ကြောင်း ဧပြီ ၂၇ ရက် စတုတ္ထအကြိမ် တရုတ်-အလယ်အာရှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး သတင်းထုတ်ပြန်ချက်အရသိရသည်။

တရုတ်-အလယ်အာရှ နိုင်ငံတော်အကြီးအကဲများ အစည်းအဝေး လုပ်ထုံးလုပ်နည်းတစ်ရပ် ထူထောင်ရန် ၂၀၂၂ ခုနှစ် ဇွန်လက ပြုလုပ်ခဲ့သည့် တရုတ်-အလယ်အာရှ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း တက်ရောက်လာသောနိုင်ငံများအားလုံးက သဘောတူညီခဲ့ကြသည်။

အဆိုပါ နိုင်ငံများအားလုံး၏သဘောတူညီချက်အရ ပထမအကြိမ်ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ မော်နင်က ယခုသီတင်းပတ် အစောပိုင်းက ကြေညာခဲ့သည်။ 


Ref - ဆင်ဟွာ

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)