Pages

Pages

တံတားဦးမြို့နယ် အခြေခံပန်းချီသင်တန်းဖွင့်လှစ်



MNP ၊  ဧပြီ ၅                                           

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီးမြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် အခြေခံပန်းချီသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။


သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးဘိုမောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပန်းချီဆရာ ဦးရွှေကျော်အေးက နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ  အသုံး ချတတ်စေရန်၊  ကလေးငယ်များ၏ တီထွင်ဖန်တီးမှုစွမ်းရည်များ၊ မြင့်မားတိုးတက်လာစေရန်၊ ပန်းချီပညာနှင့်ပတ်သက်ပြီးကျယ်ကျယ်ပြန့်ပြန့်သိရှိ၍ တန်ဖိုးထားတတ်စေရေး ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းဖြစ်ကြောင်းပြောကြားသည်။


အဆိုပါသင်တန်းသို့ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၂၆)ဦးတက်ရောက်ကြပြီး သင်တန်းကာလကို ၂၀၂၃-ခုနှစ် ဧပြီ လ(၅)ရက်နေ့မှ(၇)ရက်နေ့အထိနေ့စဉ် နံနက်(၁၀)ရီမှ မွန်းလွဲ(၁၂) နာရီအထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ရဲတင့်

 https://t.me/MyanmarNationalPost



No comments:

Post a Comment