Pages

Pages

အောင်လံမြို့နယ် ရွာမထုံးကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ




MNP ၊  ဧပြီ ၅

မကွေးတိုင်းဒေသကြီး အောင်လံခရိုင်၊ အောင်လံမြို့နယ် ရွာမထုံးကျေးရွာအုပ်စု၊ ရွာမထုံးကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် ရွာမထုံးကျေးရွာအုပ်စု ရွာမထုံးကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များက ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့တို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုခဲ့သည်။ ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ဗိုလ်မှူးကြီး မျိုးအောင်က ဒေသဖွံ့ဖြိုး‌ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားကာ ကျေးရွာပြည်သူများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးသစ်လွင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။


ဇင်ဇင်

 https://t.me/MyanmarNationalPost





No comments:

Post a Comment