ဒိုက်ဦးမြို့နယ်၌ (၄၀)ကြိမ်မြောက် ပါဠိပထမပြန်နှင့်စူဌဘွဲ့နှင်းသဘင် အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒိုက်ဦးမြို့နယ်၌ (၄၀)ကြိမ်မြောက် ပါဠိပထမပြန်နှင့်စူဌဘွဲ့နှင်းသဘင် အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ


MNP ၊  ဧပြီ ၃

ဒိုက်ဦးမြို့နယ်၌ (၄၀)ကြိမ်မြောက် ပါဠိပထမပြန် နှင့်စူဌဘွဲ့နှင်းသဘင် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြို့ဦးကျောင်းတိုက် ပရိယတ္တိ အောင်ရတနာဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားကို နမောတဿ ၃ ကြိမ် ရွတ်ဆိုကန်တော့ပြီး အခမ်းအနားဖွင့်လှစ်ပြီးနောက် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ခေမာသီဝံဆရာတော်မှ သီလပေးတရားချီးမြှင့်ပါသည်။ ဆက်လက်၍ ဒိုက်ဦးမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ၊ ဖအောင်ဝဲမှန်ကျောင်းဆရာတော်က ဩဝါဒကထာနှင့် ရေစက်ချတရားတော် ဆက်လက်ချီးမြှင့်ပါသည်။


ထို့နောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူးသက်နောင်ဦး ကသာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားပြီး (၄၀)ကြိမ်မြောက် ပါဠိပထမပြန်နှင့် စူဌဘွဲ့နှင်းသဘင် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ အဆိုပါ အခမ်းအနားတွင် ဝိနယဝိဒူ ၁ ပါး၊ အင်္ဂုတ္တနိကယ် ၁ ပါး၊ အကြီးတန်း ၂ ပါး၊ အလတ်တန်း ၁၅ ပါးနှင့် အခြေပြုမူလတန်း၅၀ ပါးတို့အား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)