နွေရာသီလူငယ်ကင်းထောက်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ထောက်ပံ့ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နွေရာသီလူငယ်ကင်းထောက်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ထောက်ပံ့ချီးမြှင့်




MNP ၊  ဧပြီ ၁၉

ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက နွေရာသီ လူငယ်ကင်းထောက်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ထောက်ပံ့ချီးမြှင့်ခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက သမိုင်းမှတ်တမ်းများအရ ကမ္ဘာပေါ်တွင် လူငယ်(၅၇)သန်းကျော်သော ကင်းထောက်လူငယ်များသည် ကမ္ဘာ့ပညာရေး၏ ရှေ့ဆောင်လမ်းပြအနေဖြင့် နိုင်ငံပေါင်း(၂၀၀)ကျော်တွင် လူငယ်လှုပ်ရှားမှုတွေကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အများအားဖြင့် အသက်(၁၁)နှစ်မှ အသက်(၁၈)နှစ်အထိ ပါဝင်နေတာကို တွေ့မြင်နေရကြောင်း၊ သင်တန်းတက်ရောက်မည့် ကင်းထောက်မောင်မယ်များအနေဖြင့် မိမိတို့နေထိုင်သည့် တိုင်းပြည်အပေါ်သစ္စာရှိဖို့၊ တိုင်းပြည်က အားထားရသည့် လူငယ်များဖြစ်လာစေရန်၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် မိမိကိုယ်ကိုယုံကြည်တဲ့ စိတ်ဓာတ်ခိုင်မာသူများဖြစ်လာစေရန် ရည်ရွယ်ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ အခြေခံအားဖြင့်နိုင်ငံချစ်စိတ်၊ ကိုယ့်လူမျိုးကိုချစ်တတ်တဲ့စိတ်၊ ကိုယ့်တိုင်းပြည်၏ ရေ၊ မြေ၊ တော၊တောင်များကို ချစ်တတ်တဲ့စိတ်ဓါတ်များဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အတွက် အထောက်အကူပြုစေမည့် နိုင်ငံသားကောင်းရတနာများ ဖြစ်ပေါ်လာစေရေးနှင့် အခက်အခဲကို ရင်ဆိုင်ဖြေရှင်းသည့် အလေ့အကျင့်ကောင်းများ၊ သူတစ်ပါးကို ဖေးမကူညီလိုတဲ့ စိတ်ကောင်းစိတ်မြတ်များဖြင့် လောကကောင်းကျိုး၊ နိုင်ငံအကျိုး၊ အများကောင်းကျိုးတို့ကို စွမ်းစွမ်းတမံဆောင်ရွက်သွားနိုင်မည့် လူကောင်းလူတော်များ၊ လူရည်ချွန်များ ဖြစ်ကြစေလိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်သည့် နွေရာသီလူငယ်ကင်းထောက်သင်တန်းအတွက် ထောက်ပံ့ငွေကျပ်(၁၀၈)သိန်းအား တိုင်းဒေသကြီးပညာရေးမှူး ဦးစိုးလွင်ထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူလေးများက မိမိနိုင်ငံ၏ တော၊ တောင်၊ ရေ၊ မြေ၊ သဘာဝပတ်ဝန်းကျင်ကို ချစ်တဲ့စိတ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ခြင်းနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း အဓိပ္ပာယ်ရသည့် “အစဉ်အသင့်” ကင်းထောက်သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၎င်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းတက်ရောက်မည့် ကင်းထောက်မောင်မယ်များနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းသား/ သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်  အားပေးစကားပြောကြားခဲ့သည်။


ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ နွေရာသီလူငယ်ကင်းထောက်သင်တန်းအား ဧပြီလ(၁၉)ရက်နေ့မှ ဧပြီလ(၂၁)ရက်နေ့အထိ သင်တန်းသား(၇၀)ဦးအား တောတွင်းခရီးစဉ်ဆိုင်ရာ သိကောင်းစရာများ၊ ကြိုးချည်နည်း၊ ရှေးဦးသူနာပြုစုနည်းနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာဘာသာရပ်များ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)