MNP ၊ ဧပြီ ၂၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလ၌ ယဉ်ကျေးလိမ္မာသော လူငယ်များဖြစ်လာစေရေးအတွက် ဗုဒ္ဓဘာသာအခြေခံ ယဉ်ကျေးလိမ္မာ သင်တန်းကို ရန်ကြီးအောင်ဘုန်းတော်ကြီးကျောင်းတိုက် သုခနိဗ္ဗာန်ဓမ္မာရုံ၌ ဆက်လက်သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို လိပ်သိုမြို့ ရန်ကြီးအောင်ကျောင်းတိုက် ဆရာတော်ကဦးစီးပြီး ဧပြီလ ၂၃ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ခဲ့ပြီး နွေရာသီကာလ အားလပ်သည့်အချိန်အတွင်း ကျောင်းသား/ ကျောင်းသူလေးများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂနှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေး၊ ယဉ်ကျေးလိမ္မာသော သားကောင်း/သမီးကောင်း ရတနာလေးများဖြစ်စေရန်၊ ဗုဒ္ဓဘာသာတရားတော်များကို ငယ်စဉ်မှစပြီး လေ့လာမှတ်သားကြစေရန်နှင့် ဗဟုသုတများ တိုးပွားစေရန်အတွက် နေ့စဉ်နံနက် (၉) နာရီ မှ ညနေ (၃) နာရီအထိ သင်ကြားပေးလျက်ရှိပြီး ၎င်းသင်တန်းကို ဧပြီလ ၂၃ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment