Pages

Pages

သိန္နီမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလံစေရေးအတွက် စိုက်ပျိုးထားသော နေကြာသီးနှံများ စတင်ရိတ်သိမ်း၍ အစေ့ခြွေခြင်းများဆောင်ရွက်




MNP ၊  ဧပြီ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်  သိန္နီမြို့နယ် နားဆော့ကျေးရွာမှ စိုက်ပျိုးရေးလုပ်ကိုင်လျက်ရှိသော တောင်သူများအနေဖြင့် ဒေသတွင်း စားသုံးဆီ ဖူလုံစေရေးအတွက် နေကြာသီးနှံများကို  ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှစတင်စိုက်ပျိုးခဲ့ရာ ဧပြီလအတွင်း စတင်ရိတ်သိမ်း၍ အစေ့ခြွေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သိန္နီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နေကြာသီးနှံစိုက်တောင်သူများအား နေကြာမျိုးစေ့များကို အခမဲ့ထောက်ပံ့ပေးလျက်ရှိရာ နားဆော့ကျေးရွာရှိ စိုက်ပျိုးရေးတောင်သူ (၁၀) ဦး၏ စိုက်ဧက (၁၀) အတွက် တစ်ဧကလျှင် (၃) ကီလိုနှုန်းဖြင့် နေကြာမျိုးစေ့ (၃၀) ကီလိုအား တောင်သူများ အဆင်ပြေစေရေးအတွက် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။ နားဆော့ကျေးရွာမှ စိုက်ပျိုးရေးတောင်သူများအနေဖြင့် ယခင်နှစ်က ပဲပုတ်နှင့် အစေ့ထုတ်ပြောင်းများ ကိုသာ အဓိကထား၍ စိုက်ပျိုးခဲ့ကြပြီး ယခုနှစ်တွင် ဆီထွက်သီးနှံနေကြာအား စီးပွားဖြစ်မဟုတ်ဘဲ စားသုံးဆီဖူလုံစေရေးအတွက် စမ်းသပ်စိုက်ပျိုးခြင်းဖြစ်ကြောင်း စိုက်ပျိုးရေး တောင်သူတစ်ဦးထံမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment