Pages

Pages

မော်လမြိုင်ခရိုင် (Community centre)ခန်းမ၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ


MNP ၊  ဧပြီ ၂၇

မွန်ပြည်နယ်၊  မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (မော်လမြိုင်ခရိုင်)တို့ပူးပေါင်း၍ အပူဒဏ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ ဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန  မော်လမြိုင်ခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခင်မိုးသွယ်တို့က ရာသီဥတုပူပြင်းမှုကြောင့် ဖြစ်ပွားသောကျန်းမာရေး ပြသနာများအကြောင်း၊ သတိပြုရမည့် အပူဒဏ်အန္တရာယ်များ အကြောင်း၊ အရေးပေါ်ပြုစုနည်းနှင့် လိုက်နာဆောင်ရွက်ရန်အချက်များ၊ ရှောင်ကြည်ရမည့်အချက်များ စသည့် ဗဟုသုတရဖွယ်များကို အသိပညာပေး ဆွေးနွေး ခဲ့ကြသည်။


မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် ပြည်သူများ ဗဟုသုတရဖွယ် အကြောင်းအရာကဏ္ဍတို့အား အသိပညာပေးဆွေးနွေးပွဲ (Talk Show) များအဖြစ် ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ အဆိုပါ ဆွေးနွေးပွဲများကို We Love Mawlamyine Page တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment