မူဆယ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်ထူးချွန်ဆု ရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်ထူးချွန်ဆု ရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်



MNP ၊  ဧပြီ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၂၀၂၂-၂၃ ပညာသင်နှစ်တွင် လူရည်ချွန် ထူးချွန်ဆု ရရှိသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးမှူးရုံး၌  ယနေ့ နေ့လယ် (၁)နာရီအချိန်က ပြုလုပ်သည်။


အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက ဂုဏ်ပြုဆုချီးမြှင့်ရခြင်းနှင့်ပတ်သတ်၍  အမှာစကားပြောကြားသည်။ ဆက်လက်ပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်ဝင်းဝင်းမော်က လူရည်ချွန်ထူးချွန်ဆုရွေးချယ်ခြင်းနှင့်ပတ်သတ်၍ “ကျွန်မတို့   ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွက် အညွှန့်အဖူးကလေးများဖြစ်ကြသည့် လူငယ်မောင်မယ်များကို လူရည်ချွန် လူရည်မွန်များ ဖြစ်လာစေရန်၊ ကျန်းမာသန်စွမ်းသော ကိုယ်ကာယ၊ ထက်မြတ်သောဉာဏ်ပညာ  မြင့်မြတ်သော အကျင့်စာရိတ္တတို့နှင့် ပြည့်စုံစေ၍ အဖွဲ့အစည်းဖြင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ပြုစုပျိုးထောင်ရန် လိုအပ်သည်နှင့်အညီ လူရည်ချွန်စီမံကိန်းကို ဆောင်ရွက်လျက်ရှိပါတယ်။ ယခုနှစ်ရည်ရွယ်ချက်မှာ ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တကောင်းမွန်သည့် ထူးချွန်ထက်မြတ်သည့် ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန်၊ နိုင်ငံ့အကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်မည့် နိုင်ငံသားကောင်းများ ပေါ်ထွန်းလာစေရန်၊ ထူးချွန် ကျောင်းသား/သူများကို စံနမူနာပြု၍ ကျောင်းသားလူငယ်များအား ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်၍ လူရည်ချွန်ထူးချွန်ဆုများအား ချီးမြှင့်ပေးအပ်ခြင်းဖြစ်ပါတယ်”ဟူ၍ ရှင်းလင်းဆွေးနွေးသည်။


ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန် ထူးချွန်ဆုရရှိသည့် မူဆယ်မြို့ အထက(၁) ကျောင်း ဒဿမတန်းက မောင်သာထက်စံ၊ မူဆယ်မြို့ အောင်ကိုယ်ပိုင်ကျောင်း ဒဿမတန်းမှ မနန်းဆိုင်မိုင်၊ မူဆယ်မြို့ အထက(၁)ကျောင်းက အဋ္ဌမတန်းမှ မောင်သန်းထိုက်စိုး၊ မူဆယ်မြို့ အထက(၁)ကျောင်းက အဋ္ဌမတန်းမှ မလွေးအေစန်းမွန်ဦးတို့အား မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းတို့က လူရည်ချွန်ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြောင်း သိရှိရပါသည်။


အယ်လ်စိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)