ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားခွဲရုံကြီးများ မီးဘေးအန္တရာယ် မကျရောက်စေရန်နှင့် အဖျက်အမှောင့်လုပ်ငန်းများ မပြုလုပ် နိုင်စေရေး ကြိုတင်ကာကွယ် ခြင်းလုပ်ငန်းများကို စီမံဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားခွဲရုံကြီးများ မီးဘေးအန္တရာယ် မကျရောက်စေရန်နှင့် အဖျက်အမှောင့်လုပ်ငန်းများ မပြုလုပ် နိုင်စေရေး ကြိုတင်ကာကွယ် ခြင်းလုပ်ငန်းများကို စီမံဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် မှာကြား


MNP ၊ ဧပြီ  ၂၀

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးလျက်ရှိသော ဓာတ်အားပေး စက်ရုံမှူးများ၊ မဟာဓာတ်အားလိုင်းမှူးများ၊ ပင်မဓာတ်အားခွဲရုံမှူးများနှင့် ညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့က နေပြည်တော်ရှိလျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ်(၂၇) ရဲရွာခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါညှိနှိုင်းအစည်းအဝေးသို့  လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့မှ ဥက္ကဋ္ဌ များ၊ ညွှန်ကြားရေးမှူးချူပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ဓာတ်အားပေး စက်ရုံမှူးများ၊ မဟာဓာတ်အားလိုင်းမှူးများနှင့် ပင်မဓာတ်အားခွဲရုံမှူးများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် လျှပ်စစ်ဓာတ်အားရရှိရေးသည်  များစွာအရေးပါသဖြင့်  မိမိတို့နိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို   ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရရှိနိုင်သမျှသော  စွမ်းအင်အရင်းအမြစ်မျိုးစုံကို  အသုံးပြု၍   ရင်းနှီးမြှုပ်နှံမှု နည်းမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံး  တိုးတက်ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု နှင့် သုံးစွဲမှုမမျှတနေသည်ကိုလည်း တတ်နိုင်သမျှ ပြည်သူလူထု၏ လိုအပ်ချက်ကို ထိန်းညှိ၍ ဖြန့်ဖြူး ပေးနေရပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ဓာတ် အားအပြည့်အဝရရှိအောင် ကြိုးပမ်းဆောင် ရွက်လျက်ရှိပါကြောင်း။

ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွင်း သက်ဆိုင်ရာ ဓာတ်အားပေး စက်ရုံမှူး၊ မဟာဓာတ်အား လိုင်းမှူးနှင့် ဓာတ်အားခွဲရုံမှူး များအနေဖြင့် မိမိတို့တာဝန်ယူ ဆောင်ရွက်ရသည့် ဓာတ်အား ထုတ်လုပ်ခြင်း၊ ဓာတ်အား ပို့လွှတ်ခြင်း၊  ဓာတ်အားဖြန့်ဖြူးခြင်း လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်နိုင် ခဲ့ကြသည့်အတွက်     နိုင်ငံတော်နှင့်     မိမိတို့ဝန်ကြီးဌာန အနေဖြင့် အသိအမှတ်ပြု ဂုဏ်ပြုအပ်ပါကြောင်း၊ ဆက်လက်၍လည်း ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အားများကို ပြည်သူလူထုထံသို့ ဓာတ်အား ပျောက်ဆုံးမှုအနည်းဆုံး (Losses)ဖြင့် ဗို့အားပြည့်ဝစွာ အချိန်မီရောက်ရှိ စေရေး အလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဓာတ်အားပေးစက်ရုံ နှင့်  ဓာတ်အားခွဲရုံကြီးများ မီးဘေးအန္တရာယ် မကျရောက်စေရန်နှင့် အဖျက်အမှောင့်လုပ်ငန်းများ  မပြုလုပ် နိုင်စေရေး ကြိုတင်ကာကွယ် ခြင်းလုပ်ငန်းများကို  စီမံဆောင်ရွက်သွားရန်  မိမိတို့ဝန်ကြီးဌာန၏   ရည်မှန်း ချက်ဖြစ်သော  တစ်နိုင်ငံလုံး  လျှပ်စစ်ဓာတ်အား  သုံးစွဲနိုင်ရေး ရည်မှန်းချက်နှင့်အညီ စီမံဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများတွင် မိမိတို့ကျရာအခန်းကဏ္ဍများမှ    တက်ညီလက်ညီ   ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရန်နှင့် လုံခြုံရေး အထူးဂရုပြုဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။ 

ထို့နောက် ဓာတ်အားပေးစက်ရုံမှူးများက ဓာတ်အားပေးစက်ရုံ ဆိုင်ရာ အချက်အလက်များနှင့် မိမိတို့ ဓာတ်အားပေးစက်ရုံများအလိုက်  ဓာတ်အားထုတ်လုပ်ပေးနေမှု၊ မဟာဓာတ်အားလိုင်းမှူးများက မိမိတို့ တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်ရသည့် ဓာတ်အားလိုင်းများ၏ အခြေအနေနှင့် ဓာတ်အားလိုင်းအပြစ်  ဖြစ်ပေါ်ပါက  ပြုပြင်ဆောင်ရွက်ရမှု၊ ပင်မဓာတ်အားခွဲရုံမှူးများက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များနှင့် ဓာတ်အားလက်ခံပို့လွှတ်  ဖြန့်ဖြူးပေးနေမှုတို့ကို  ရှင်းလင်း တင်ပြကြသည်။

တင်ပြမှုများအပေါ် ဌာနကြီးမှူးများက ဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက သုံးသပ် ဆွေးနွေးတင်ပြသည်။ တင်ပြမှုများအပေါ်  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ညပိုင်းတွင်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဓာတ်အားလိုင်းများ ပြတ်တောက်ရာတွင် အချိန်နှင့်တပြေးညီ ပြင်ဆင်ခဲ့သည့် မဟာဓာတ် အားလိုင်းမှူးများနှင့် ထုတ်လုပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို ထိန်း ညှိဖြန့်ဖြူးဆောင်ရွက်ပေးခဲ့သည့် ဓာတ်အားပေးစက်ရုံမှူးများ၊ ပင်မဓာတ်အားခွဲရုံမှူးများ၊ နေပြည်တော်တွင် အတာသင်္ကြန်ကာလအတွင်း ဝန်ကြီးဌာနကိုယ်စားပြု ဖျော်ဖြေပေးခဲ့သည့် သင်္ကြန်ယိမ်း အဖွဲ့တွင် ပါဝင်သော ဝန်ထမ်းများကို ဂုဏ်ပြုသည့်  ညစာစားပွဲအခမ်းအနား ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနအကြီး အကဲများသည် အခမ်းအနားသို့ တက်ရောက်လာသည့် ဝန်ထမ်းများနှင့် အတူ ညစာအတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။ 


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)