လုံခြုံရေးတာဝန်ရှိသူများအား ကျေးဇူးတင်ဂုဏ်ပြုခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လုံခြုံရေးတာဝန်ရှိသူများအား ကျေးဇူးတင်ဂုဏ်ပြုခြင်း



ကျွန်တော်တို့ တာဝန်ကတော့ မီယာဖြစ်တဲ့အတွက် နေ့စဉ်ပြည်သူတွေရဲ့ လူမူစီးပွားဘဝများ တည်ငြိမ်အေးချမ်းမှု ရစေဖို့ အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းလွန်းတဲ့ လုပ်ရပ်တွေကို ဝေဖန်ထောက်ပြ ပြောဆိုရမှာ ဖြစ်သလို ဆန့်ကျင့်ကန့်ကွက် ရှုတ်ချဖို့လည်း ဝန်မလေးပါဘူး။ 


ဥပဒေဘောင်အတွင်းမှာ နေထိုင်ကြတဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို နေ့စဉ်နေ့တိုင်း လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ ဖျက်သိမ်းခြင်းခံခဲ့ရသော NLD ပါတီမှ ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေကို နှိမ်နင်းဆောင်ရွက်မှုအပိုင်းမှာ လိုအပ်ချက်တွေ ရှိနေရင်လည်း ဝေဖန်ထောက်ပြပြောဆိုရမှာ ကျွန်တော်တို့ တာဝန်ပဲ ဖြစ်ပါတယ်။


ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေတယ်ဆိုရင် ကျွန်တော်တို့ မီဒီယာများက အပြုသဘောဆန်ဆန် အကြမ်းဖက်လုပ်ရပ်တွေ မလုပ်ကြဖို့၊ အကြမ်းဖက်နှိမ်နင်းရေးကို အရှိန်မြှင့်တင်ဆောင်ရွက်ဖို့ ဝေဖန်ပြောဆိုတာလောက်ကိုတော့ဖြင့် နားလည်မှုပေးနိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ အကြမ်းဖက်သမားများဘက်က ရပ်တည်နေတဲ့ အကြမ်းဖက်လှုံ့ဆော်မီဒီယာများကိုတောင် လူရာသွင်းပြီး ဆက်ဆံနေတဲ့ အစိုးရအနေနဲ့ အပြုသဘောဆန်ဆန် ဝေဖန်ထောက်ပြမှုတွေအပေါ် လက်ခံနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။


စာရေးသူအနေနဲ့ ၁၃၈၄ခုနှစ် မဟာသင်္ကြန်ကာလအတွင်း မြန်မာပြည်တဝှမ်းလုံးမှာ ရှိတဲ့ ပြည်သူတွေကို ဘေးမသမ်းပဲ အေးချမ်းပျော်ရွှင်မှုကို ရစေချင်ပါတယ်။ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်နေတဲ့ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများ နဲ့ ပြည်ဖျက်မီဒီယာများကိုလည်း သစ္စာဆိုပြီး ပြောပါတယ်။ မဟာသင်္ကြန်ကာလအတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေသူများ ဘေးဆိုး အန္တရာယ်ဆိုး အမျိုးမျိုးနှင့် ကြုံတွေ့ရပါစေ။

ဒီရက်ပိုင်းအတွင်းမှာ အထူးကျေးဇူးတင်ဂုဏ်ပြုရမယ့် ပုဂ္ဂိုလ်တွေ ရှိပါတယ်။ တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်အန္တရာယ်တွေကို လက်ဦးမှုရယူပြီး ဖော်ထုတ်ရှင်းလင်းပေးခဲ့ကြတဲ့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေပဲ ဖြစ်ပါတယ်။ 


ပထမဆုံးအနေနဲ့ အင်းလေး ရေပေါ်သင်္ကြန်ကို ဖောက်ခွဲတိုက်ခိုက်ဖို့ ကြံစည်နေတဲ့ အင်းလေး PDF အကြမ်းဖက်သမားတွေကို လက်ဦးမှု ရယူဖော်ထုတ်ဖမ်းဆီးပေးခဲ့သော လုံခြုံရေးတာဝန်ရှိသူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ ယုတ်ကန်းလွန်းတဲ့ အကြမ်းဖက်သမားများဟာ ရေပေါ်သင်္ကြန်ကိုတောင် ရေမျှောပြီး ဖောက်ခွဲတိုက်ခိုက်ဖို့အထိ စီစဉ်ထားတာကို ဖော်ထုတ်ဖမ်းဆီးပေးနိုင်ခဲ့တဲ့အတွက် သင်္ကြန်ကာလမှ အေးချမ်းပျော်ရွှင်စွာ နေထိုင်ကြမယ့် အပြစ်မဲ့ ပြည်သူပေါင်းများစွာရဲ့ အသက်ကို ကြိုတင်ကယ်ဆယ်ပေးနိုင်ခဲ့တဲ့အတွက်ကြောင့် အထူးပင် လေးစားဂုဏ်ပြုမိပါတယ်။


ဒုတိယအနေနဲ့ ရန်ကုန်မြို့ပေါ်မှာ သင်္ကြန်ကာလအတွင်း ဖောက်ခွဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ NLD လွှတ်တော်အမတ်ဟောင်းတစ်ဦးရဲ့ ခိုင်းစေချက်အပေါ် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ကြမယ့် အကြမ်းဖက်သမားတွေကို ဖော်ထုတ်ဖမ်းဆီးပေးခဲ့တဲ့အပေါ် မဟာသင်္ကြန်ကာလ ပျော်ရွှင်စွာဖြတ်သန်းကြမယ့် ပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို ကြိုတင်ကယ်တင်ပေးနိုင်ခဲ့တဲ့အတွက် အထူးပင် လေးစား ဂုဏ်ပြုမိပါတယ်။


တတိယအနေနဲ့ မန္တလေးမြို့ပေါ်မှာ မဟာသင်္ကြန်ကာလအတွင်း ဖောက်ခွဲတိုက်မှုများ လုပ်ဆောင်မယ့် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများကိုလည်း လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများက လက်ဦးမှုရယူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါပြီ။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို ကြိုတင်ကာကွယ်သောနည်းဖြင့် ကာကွယ်မှုပေးနိုင်ခဲ့တဲ့အပေါ်မှာ အထူးပင် လေးစား ဂုဏ်ပြုမိပါသည်။


ထပ်မံ၍ ယနေ့ (၁၁-၄-၂၀၂၃) ရက်နေ့ နံနက်ပိုင်းက ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက်သမားစုဝေး၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မဟာသင်္ကြန်ကာလအတွင်း အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်ရန်နှင့် NUG အကြမ်းဖက်အဖွဲ့၏ အုပ်ချုပ်ရေးရုံးဖွင့်လှစ်နေစဉ် တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်နှင့် တပြေးညီ ဖယ်ရှားရှင်းလင်းဆောင်ရွက်ပေးခဲ့သည့်အတွက်လည်း အထူးပင် လေးစားဂုဏ်ပြုပါသည်။


ကျွန်တော်တို့အနေနဲ့ ကျေးဇူးရှိသူများအပေါ် ကျေးဇူးတရား သိရပါမည်။ ကျေးဇူးရှိသူများအပေါ် ကျေးဇူးတရားမသိတတ်ခြင်းကြောင့် NLD ပါတီ ပျက်သုဉ်းခဲ့ရသည့် သင်ခန်းစာကို မမေ့အပ်ပါ။ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ပြည်သူတွေအပေါ် ကျရောက်လာနိုင်တဲ့ အကြမ်းဖက်ဘေးအန္တရာယ်တွေကို ကြိုတင်ကာကွယ် တားဆီးပေးနိုင်ခဲ့ပြီ မဟုတ်ပါလား။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေကြသူများက ကျေးဇူးရှင်လား၊ တည်ငြိမ်အေးချမ်းအောင် ကြိုးပမ်းဆောင်ရွက်ပေးနေသူများက ကျေးဇူးရှင်လား ဆိုသည်ကိုတော့ အသိတရားရှိတဲ့ ပြည်သူတိုင်း နားလည်ကြမည် ဖြစ်ပါသည်။ 


(၇၈)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားမှသည် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က NUG နှင့် အကြမ်းဖက်အဖွဲ့များ၊ ၎င်းတို့ကို ပံ့ပိုးနေသော EAO အချို့ကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လမ်းညွှန်မှုပေးခဲ့ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကလည်း အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံသည့် အခမ်းအနားများတွင် အကြမ်းဖက်လှုပ်ရှားမှုများကို ပြတ်ပြတ်သားသား နှိမ်နင်းဆောင်ရွက်ရန် လမ်းညွှန်မှုများ ပေးခဲ့ပြီးနောက် သက်ဆိုင်ရာ နယ်မြေအလိုက် လုံခြုံရေးတာဝန်ရှိသူများက နိုင်ငံတော်အကြီးအကဲများရဲ့ လမ်းညွှန်မှုကို အလေးထားပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ အကြမ်းဖက်ဘေးအန္တရာယ် ကင်းရှင်းစေရေး ကြိုးပမ်းဆောင်ရွက် ပေးနေမှုများမှာ လေးစားဂုဏ်ပြုထိုက်သော ဆောင်ရွက်ချက်များပင် ဖြစ်ပါသည်။


အစိုးရကောင်းတစ်ရပ်အဖြစ် ရပ်တည်နိုင်ခြင်းမှာလည်း နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှုနှင့် အောက်ခြေယန္တရားတွင် အကောင်အထည်ဖော်ဆောင်ရွက်ကြသူများ ဟန်ချက်ညီညီ ပြည်သူအကျိုးကို ဖော်ဆောင်ခြင်းပင် ဖြစ်သောကြောင့် နှစ်သစ်ကူးကာလ နီးကပ်လာချိန်တွင် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များကို တိတိကျကျ အေကောင်အထည်ဖောင်ရွက်လျက်ရှိသော လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများ၏ အကြမ်းဖက်အန္တရာယ်ကင်းဝေးစေရေး ကြိုးပမ်းဆောင်ရွက်မှုများကို အထူးပင် ကျေးဇူးတင်ဂုဏ်ပြုပါသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)