Pages

Pages

၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် အခြေခံပညာထက် ၊လယ်၊ မူစာမေးပွဲ အောင်စာရင်းများထုတ်ပြန်ထား


MNP ၊  ဧပြီ ၂၇

၂၀၂၂-၂၀၂၃ ခုနှစ်အတွက် အတန်းတင်စာမေးပွဲအောင်စာရင်းများကို မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းအသီးသီး၌ ဧပြီ ၂၇ ရက် နံနက် ၇ နာရီမှစ၍ ထုတ်ပြန်ကြေငြာပေးထားရာ ယနေ့နံနက်ပိုင်းက အ.ထ.ကကျိုက်မရောကျောင်းနှင့် အခြေခံပညာကျောင်းအသီးသီးတို့၌ အောင်စာရင်းလာရောက်ကြည့်ရှုသူ ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆွေမျိုးများဖြင့် စည်ကားလျက်ရှိသည်။


 ကျိုက်မရောမြို့နယ်အတွင်း၌ အခြေခံပညာကျောင်းပေါင်း ၁၄၁ ကျောင်းရှိရာ စာမေးပွဲဝင်ရောက်ဖြေဆိုသူစာရင်းရှိ ဦးရေစုစုပေါင်း (၃၆၃၅၀)ဦးရှိရာ ကျောင်းသား၊(၁၇၃၁၆)ဦး၊ ကျောင်းသူ(၁၉၀၃၄)ရှိပြီး အောင်မြင်မှုရာခိုင်နှုန်းမှာ ၁၀၀ ရာခိုင်နှုန်းဖြစ်ကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။


ချိုမြတ်မြတ်ထွေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment