Pages

Pages

သထုံမြို့နယ်၌ အပူဒဏ်အန္တရာယ် သတိပြုကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်




MNP ၊  ဧပြီ ၂၇

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်ူမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အပူဒဏ်အန္တရာယ် သတိပြုကာကွယ်ရေး  အသိပညာပေးဆွေးနွေးပွဲ Talk Show အစီစဉ်ကိုယ‌နေ့၊ နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဥ်ယဥ်နုက Talk Show ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးကျော်စွာမြင့်က လက်ရှိ နွေရာသီကာလ အပူချိန်မြင့်မားလာမှုများနှင့်အတူ ပြည်သူများကြုံတွေ့ခံစားနေရသည့် အပူဒဏ်အန္တရာယ်များ၊ အပူဒဏ်ကြောင့်ဖြစ်ပွားနိုင်သည့် ရောဂါများ၊ သတိပြုရမည့် အပူဒဏ်အန္တရာယ်များ၊ အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း၊ သတိလစ်ခြင်းနှင့် အပူဒဏ်အန္တရာယ်ကျရောက်သည့်လူနာအား အရေးပေါ်ရှေးဦးပြုစုခြင်းနည်းလမ်းများ၊ အပူဒဏ်ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များစသည့်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။


သထုံပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment