MNP ၊ ဧပြီ ၂၄
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ရဟန်းရှင်၊ ပြည်သူများကျန်းမာရေးကောင်းမွန်စေရန် မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ညွှန်ကြားမှုဖြင့် မြန်မာနှစ်သစ်အထိမ်းအမှတ် ကွန်ပျူတာဓါတ်မှန်စက်ဖြင့် နယ်လှည့်တီဘီရောဂါရှာဖွေကုသခြင်းအား ယမန်နေ့နံနက် ၉ နာရီတွင် ကျိုက်ပိကျေးရွာ ကပ်ကျော်စေတီဓမ္မာရုံ၌ စစ်ဆေးကုသပေးခဲ့သည်။
ယင်းသို့ တီဘီရောဂါရှာဖွေကုသရာသို့ မော်လမြိုင်ဆေးရုံကြီး တီဘီရောဂါကုသရေးဌာနမှ ဒေါက်တာထွန်းဦးနှင့်ဒေါက်တာတင်ကိုကိုထွေးဦးစီး၍ ကျန်းမာရေးဝန်ထမ်းများပူးပေါင်းကာ သံဃာတော်နှင့် ပြည်သူများအား ဓာတ်မှန်ရိုက်စစ်ဆေးခြင်း၊ လိုအပ်သည့်သောက်ဆေးများပေးဝေခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကွန်ပျူတာဓါတ်မှန်စက်ဖြင့် နယ်လှည့်တီဘီရောဂါစစ်ဆေးကုသပေးခြင်းကို ဧပြီလ ၂၁ ရက်နေ့မှ ဧပြီ ၂၉ ရက်နေ့ထိ ကျိုက်ထိုမြို့နယ်၊ ရပ်ကွက်ကျေးရွာများတွင် ဆောင်ရွက်သွားပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဝင်းမောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment