MNP ၊ ဧပြီ ၄
မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း(ပြည်ခရိုင်)နှင့် ရွှေတောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ရွှေတောင်မြို့ ၊ သရက်တောရပ်ကွက်၊ သံတံတာဦးလမ်းရှေ့တွင် ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး အတွက် သက်သာသောဈေးနှုန်းများဖြင့်စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် စားအုန်းဆီတစ်ပိဿာလျှင် ဗူးအပါ ၅၄၀၀ ကျပ်နှုန်းဖြင့် ဆီပိဿာ ၃၀၀ ကို အိမ်ထောင်စု ၁၅၀စု ရှိ ဒေသခံပြည်သူများအားရောင်းချပေးခဲ့သည်။ အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦးနှင့်ဝန်ထမ်းများ၊ မြို့ပေါ်(၃)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ေရးမှူးများ ဦးဆောင်၍ မြို့နယ်အတွင်းရှိပြည်သူများအားရောင်းချပေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment