ရသေ့တောင်မြို့ပေါ်‌ နေပြည်သူများအတွက်ရေသယ်ယာဉ်များဖြင့်အလှည့်ကျရေဖြန့်ဝေပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့ပေါ်‌ နေပြည်သူများအတွက်ရေသယ်ယာဉ်များဖြင့်အလှည့်ကျရေဖြန့်ဝေပေးလျက်ရှိ




MNP ၊  ဧပြီ ၂၈

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့တွင်နွေရာသီရေခမ်း‌ခြောင်မှုပြဿများကြောင်းမြို့ပေါ်နေပြည်သူများသောက်သုံးရေအခက်အခဲများကြုံတွေနေကြရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနိုင်လင်းထက်မှကြီးမှူး၍မြို့နယ်စည်ပင်သာယာ‌ရေးဦးစီးဌာန၊မြို့နယ်မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍မြို့ပေါ်နေပြည်သူများသောက်ရေ၊သုံးရေရှိရေးအတွက်မြို့ပေါ်ရပ်ကွက်အသီးသီးရှိရေစုကန်များတွင်ရေဖြန့်ဝေပေးလျက်ရှိရာယ‌‌နေ့နံနက်၈နာရီတွင်‌ တောင်ရင်းရပ်ကွက်‌ ရေစုကန်အမှတ်(၁၅)တွင်စည်ပင်မှTipper‌ ရေသယ်ယာဉ် ဖြင့်ရေဂါလံ(၇၅၀)ဖြန့်ဝေပေးခဲ့ပြီး ညနေပိုင်းတွင် အရှေ့မြောက်ရပ်ကွက်ရေစုကန်(၄)တွင်လည်းစည်ပင်မှမှTipper‌ ရေသယ်ယာဉ် ဖြင့်ရေဂါလံ(၇၅၀)ဂါလန် ဖြန့်ဝေပေးခဲ့ကြသည်။

 ရသေ့တောင်မြို့နယ်တွင်မိုးရာသီတွင်မိုးရာသီမိုးရေချိန်ပြည့်မီအောင်မရရှိခဲ့သဖြင့် ယခုလိုရေမလုံမလောက်မှုဖြစ်ပေါ်ရခြင်းဖြစ်ပြီး၊ပြည်တွင်းနေရပ်စွန့်ခွာသူလူဦးရေများတိုးပွားလာမှုကြောင်းရေမလုံလောက်ခြင်းဖြစ်ပေါ်ရခြင်းဖြစ်သည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)