MNP ၊ ဧပြီ ၂၉
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့ ဆီဆိုင်ကုန်းလမ်းဆုံ အမ်း -မင်းဘူး အဝေးပြေးမြို့ဝင်လမ်း၌ မြို့အင်္ဂါရပ်နှင့်အညီသန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင် ရွက်ခြင်းနှင့်အမှိုက်
ကောက်ခြင်းကို ယနေ့နံနက် (၇) နာရီအ ချိန်က ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင် ရာ တာဝန်ရှိသူများ၊ ဝန် ထမ်းများ၊တပ်ရင်းတပ်ဖွဲ့များမှတပ်မတော်သားများ၊မြို့ နယ်ရဲတပ်ဖွဲ့၊မီးသတ်တပ်ဖွဲ့ဝင်များ၊ရပ်ကွက်ကျေးရွာအုပ် ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်သူများစုပေါင်း၍ ဆောင် ရွက်ခဲ့သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးနှင့် အ မှိုက်ကောက်ဆောင် ရွက်ခြင်းကိုအ နောက်ပိုင်းတိုင်းစစ်ဌာ နချုပ်မှ ဒုတိယတိုင်း မှူး ဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့ နယ်စီမံအုပ်ချုပ်ရေးဥက္ကဌ နှင့်အဖွဲ့ဝင်များ ကကြီးကြပ် ၍ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန် ထမ်းများ၊ တပ် ရင်းတပ်ဖွဲ့များမှ တပ်မ တော်သားများ၊ရပ်ကွက်ကျေးရွာအုပ် ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်သူ များပူးပေါင်း၍ အမ်းမြို့ဝင်ဆီဆိုင်ကုန်းလမ်းဆုံမှ မြို့ဝင် အဝေးပြေးလမ်းမကြီးတလျောက် မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရန် ခြုံနွယ် ပေါင်းမြက်များကို ခုတ်ထွင်ရှင်း လင်းခြင်း၊ လမ်းဘေးဝဲယာရှိအမှိုက်ကောက်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment