MNP ၊ ဧပြီ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက မိမိတို့အနေဖြင့် မြို့နယ်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ နိုင်ငံ့စီးပွားမြှင့် တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဒေသဖွံဖြိုးရေးနှင့်ပတ်သက်သည့် လမ်းညွှန်မှာကြားချက်များ၊ ၂၀၂၃ ခုနှစ် (၃၈)ကြိမ်မြောက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းဖွင့်လှစ်နိုင်ရေးဆောင်ရွက်မည့် အစီအစဉ်များ၊ လုံခြုံရေးကိစ္စရပ်များ၊ ၁၃၈၅ ခုနှစ် ကဆုန်လပြည့်နေ့၊ ညောင်ရေသွန်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်များက မိမိတို့ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment