MNP ၊ ဧပြီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော်(၁၁၁၁၁)ပါးဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲမင်္ဂလာအခမ်းအနားပြုလုပ်မည်ဖြစ်ရာ သံဃာတော်များယာယီသီတင်းသုံးနေထိုင်ရာတွင် အဆင်ပြေစေရန်အတွက် ထိုင်ခုံများနေရာချထားခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှုရာတွင် ပလတ်စတစ်အိတ်များ သံဃာတော်များအလှူခံရာ၌ အသုံးပြုရန်အတွက် လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းများကို ကြိုတင်ညှိနှိုင်း၍ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြသည်။
အဆိုပါဗုဒ္ဓါဘိသေကအနေကဇာတင်အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ကျောက်တံတားခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးဆောင်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုးနှင့် ဝန်ထမ်းများကကျောက်တံတားခရိုင်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြကြောင်းသိရသည်။ ထိုသို့ကျင်းပရာ၌ ဂိုဏ်းပေါင်းစုံသံဃာတော် (၁၁၁၁၁)ပါးရှိသည့်အနက် သံဃာတော်(၁၁၀၀၀)ပါးမှာ ပြည်သူ့ရင်ပြင်တွင် ယာယီသီတင်းသုံးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော်
https://t.me/MyanmarNationalPost

No comments:
Post a Comment