MNP ၊ ဧပြီ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လေဘေးသင့် အိမ်ထောင်စုများအတွက် အိမ်တိုင် ရာရောက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ မြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေဇင်ဝင်းအောင်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က ဧပြီလ(၂၂)ရက်နှင့် ဧပြီလ(၂၄)ရက်နေ့တို့တွင် ဟိုပုံးမြို့၊ တောင်ရပ် ကွက်၊ ပေါင်လင်းကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာနှင့် လွယ်အွန့်ကျေးရွာအုပ်စု၊ ညောင်ဖြူ ကျေးရွာတို့တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန် ပျက်စီးခဲ့သည့် အိမ်ထောင်စု (၁၆)စုအတွက် ထောက်ပံ့ငွေများနှင့် နေအိမ်အမိုးလန်ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စု(၁)စုအတွက် ထောက်ပံ့ငွေများ၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါဝင်သည့် ကယ်ဆယ်ရေး ပစ္စည်းပုံးတို့ကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment