မိုးညိုမြို့နယ်ငါး လုပ်ငန်းဦးစီးဌာနရုံး၌ ပထမအကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးညိုမြို့နယ်ငါး လုပ်ငန်းဦးစီးဌာနရုံး၌ ပထမအကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချ




MNP ၊  ဧပြီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ငါးလုပ်းငန်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် ပထမအကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး ဦးစိုးမင်းက ရေလုပ်သားကြီးများအား အင်းလေလံနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်ထွန်းက အင်းလေလံနှင့်ပတ်သက်သည့် လိုက်နာရမည့်စည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။


ထို့နောက် ဂရန်အင်းများ လေလံတင်‌ရောင်းချခြင်းကို တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးမင်းက ကြီးကြပ်သူအဖြစ်ဆောင်ရွက်၍ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်ထွန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အင်းလေလံရောင်းချရေး ကော်မတီဝင်များက မိုးညိုမြို့နယ်အတွင်းရှိ ဂရန်အင်းများကို ပထမအကြိမ်လေလံတင်ရောင်းချခဲ့ရာ ဂရန်အင်း (၁၉) အင်း ရောင်းချခဲ့ရပြီး စုစုပေါင်းအင်းခွန်ငွေကျပ် (၁၅၂၂၂၀၀၀၀/-) အား နိုင်ငံတော်အခွန်ငွေ ရရှိခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။                                                                                         


ကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)