ဂွမြို့ မီးသတ်ဦးစီးဌာနမှ မြန်မာနှစ်ဆန်းတစ်ရက်နေ့ သိမ်ကုန်းစေတီတော်မြတ်ကြီးအားရေသပ္ပါယ်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းဖြင့်ကုသိုလ်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့ မီးသတ်ဦးစီးဌာနမှ မြန်မာနှစ်ဆန်းတစ်ရက်နေ့ သိမ်ကုန်းစေတီတော်မြတ်ကြီးအားရေသပ္ပါယ်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းဖြင့်ကုသိုလ်ပြု





MNP ၊  ဧပြီ ၁၇

ရခိုင်ပြည်နယ်၊ ဂွမြို့၌  ၁၃၈၄-၁၃၈၅ ခုနှစ် ၊ နှစ်ဆန်းတစ်ရက်နေ့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဘုရားစေတီများအားရေသပ္ပါယ်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းကို  ယနေ့ နံနက် ၇ နာရီ အချိန်က သိမ်ကုန်းစေတီတော်မြတ်ကြီးတွင် ပြုလုပ်ခဲ့ကြသည်။


မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းနှင့် တပ်ဖွဲ့ဝင်များက သိမ်ကုန်းစေတီတော်မြတ်ကြီးအား ရေသပ္ပါယ်ခြင်း၊ ဘုရားဝန်းအတွင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့အား ပြုလုပ်ခြင်းတို့ဖြင့် ကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment