ကံမမြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး မြေစိုက်ပိုစတာများ စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကံမမြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး မြေစိုက်ပိုစတာများ စိုက်ထူ


MNP ၊  ဧပြီ ၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ပြည်သူများ သိရှိလိုက်နာနိုင်ရန် အသိပညာပေး မြေစိုက်ပိုစတာများကို မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများတွင် မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မှူး ဦးထွန်းလွင်နှင့် ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီက  စိုက်ထူခဲ့ကြသည်။


အဆိုပါ အသိပညာပေးမြေစိုက်ပိုစတာများတွင် လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေး ပြည်သူများ သိရှိလိုက်နာရမည့်အချက်များ၊ လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုရာတွင် သတိပြုရမည့်အချက်များ၊ လျှပ်စစ်အန္တရာယ် ဖြစ်နိုင်သော အခြေအနေများအား တွေ့ရှိပါက နီးစပ်ရာ လျှပ်စစ်ရုံးများသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားရန်နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ အစရှိသည်တို့ ပါဝင်ကြောင်း မြို့နယ်လျှပ်စစ်မှူးရုံးမှ သိရသည်။


ကျော်ဇေယျဝင်း

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)