ဟုမ္မလင်းနှင့် ရွှေဘိုမြို့နယ်တို့တွင် ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူတချို့ကို ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟုမ္မလင်းနှင့် ရွှေဘိုမြို့နယ်တို့တွင် ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူတချို့ကို ပြစ်ဒဏ်အသီးသီးချမှတ်


MNP ၊ ဧပြီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့တွင် ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူတချို့အား ၁၈-၄-၂၀၂၃ ရက်နေ့က ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့၊ ခိုပဲဝရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများထံသို့ ဝင်ရောက်ကာ အကြမ်းဖက် လုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်လျက်ရှိသူ တရားခံ အောင်မြင့်ဦးအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ်(၃)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ထို့အတူ ရွှေဘိုမြို့တွင် နေထိုင်လျက်ရှိပြီး နိုင်ငံတော်မှ အကြမ်းဖက်အဖွဲအစည်းအဖြစ် ကြေညာထားသော NUG အဖွဲ့အစည်းအား အားပေးထောက်ခံသည့် စာသားများ၊ မဟုတ်မမှန် သတင်း/အကြောင်းအရာများအား လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည့် တရားခံဖြစ်သော ဇော်မျိုး(ခ)ချိုကြီး၊ မသဲနုလင်း၊  မချွန်မြတ်ထက်(ခ)မိချွန် တို့အား စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ အလုပ်နှင့် ထောင်ဒဏ် (၃)နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသူများအား စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သူ (၈၃) ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ အသီးသီးဖြင့် ပြစ်ဒဏ်များ ချမှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment