ကန့်ဘလူခရိုင် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူခရိုင် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေး




MNP ၊  ဧပြီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ နွေရာသီကျောင်းပိတ်ရက်များအတွင်း ကလေးငယ်များ အသိပညာဗဟုသုတတိုးပွားပြီး ကာယဉာဏဖွံ့ဖြိုးတိုး တက်စေရေးတို့အတွက် ပုံပြင်ပြော၊ စာဖတ်စွမ်းရည်နှင့် ကဗျာရွတ်ပြိုင်ပွဲများကို ဧပြီ ၁၉ ရက်မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ပြိုင်ပွဲများပြုလုပ်ရာတွင် ကျောင်းသားကျောင်းသူများ ကျောင်းစာအပြင်အသိပညာဗဟုသုတ တိုးပွားစေမည့် သုတရသစာအုပ်များကို ဖတ်ရှု့လေ့လာကာ စာကြည့်တိုက်အားငယ်ရွယ်စဥ်ကပင် အသုံးပြုတတ်လာစေရန်၊ ကာယဉာဏပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်နိုင်စေရန် ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ရာ ကျောင်းသားကျောင်းသူက ပျော်ရွှင်စွာဝင်ရောက်ယှဥ် ပြိုင်ကြသည်။


ပြိုင်ပွဲများတွင် ကျောင်းသားကျောင်းသူ ၁၅ ဦးတို့က ပျော်ရွှင်စွာဝင်ရောက်ယှဥ်ပြိုင်ကြပြီး လာရောက်ယှဥ်ပြိုင်ကြသည့် ကျောင်းသားကျောင်းသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်တရလက်ဆောင်အဖြစ် ဗလာစာအုပ်များကို ပေးအပ်ခဲ့ကြောင်းသိရသည်။


အောင်ဝင်းငြိမ်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)