MNP ၊ ဧပြီ ၄
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လစဉ် လပြည့်နေ့တိုင်း လှူဒါန်းလျက်ရှိသည့် မြို့ပေါ်ရှိ သာသနာ့အနွယ်ဝင် သီလရှင် (၆၅)ပါးအား (၆၆)ကြိမ်မြောက် ဆွမ်းဆန်တော်နှင့် အလှူငွေလောင်းလှူပွဲကို ယနေ့ နံနက် (၈)နာရီ၌ ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော် ဘုန်းတော်ကြီးကျောင်းနှင့် ဆင်ဖြူတော်ဘုရားကြီးဝန်းအတွင် ကျင်းပခဲ့သည်။
အဆိုပါ လောင်းလှူပွဲကို ဆင်ဖြူတော်ကျောင်းတိုက်ဆရာတော်က ဦးဆောင်၍ ရပ်ကွက်အသီးသီးမှ အလှူရှင် စေတနာရှင်များ စုပေါင်း၍ လစဉ် လပြည့်နေ့တိုင်း သာသနာ့အနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူလျက်ရှိရာ (၆၆)ကြိမ်မြောက် လောင်းလှူပွဲတွင် မြို့ပေါ်ကျောင်းတိုက် အသီးသီးမှ သီလရှင်(၆၅)ပါးအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေးနှင့် ဝတ္ထုငွေ အသုံးဆောင် ပစ္စည်းများ လောင်းလှူခြင်းကို စေတနာရှင်အလှူရှင်များ စုပေါင်း၍ လောင်းလှူပြီး ဆင်ဖြူတော်ဘုန်းတော်ကြီးကျောင်း ဆရာတော်ထံမှ (၈)ပါးသီလ ခံယူဆောက် တည်ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှတန်းဝေခဲ့ကြောင်း သိရသည်။
ဇော်ထက်
https://t.me/MyanmarNationalPost
No comments:
Post a Comment