ကန့်ဘလူခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ


MNP ၊  ဧပြီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းထောက်များအတွက် ပြည်သူ့ဆက်ဆံရေးသင်ခန်းစာမှတ်စု လက်စွဲစာစောင် အား ဝန်ထမ်းများ စုပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်းမောင်က သတင်းဦးနှင့် သတင်းဆောင်းပါးမှ သတင်းဦး၊ သတင်းဆောင်းပါး၊ သတင်းဆောင်းပါး၏ နိဒါန်း၊ သတင်းဆောင်းပါး၏ စာကိုယ် ခေါင်းစဥ်များအလိုက် ရှင်းလင်းဆွေးနွေး၍လည်းကောင်း၊ အကြီးတန်းစာရေး ဒေါ်သန်းသန်းမြင့် က သတင်းဆောင်းပါး၏ နိဂုံး၊ ဖြစ်ရပ်မှန်ကို တင်ပြခြင်း၊ ပထမပုဂ္ဂိုလ် သို့မဟုတ် တတိယပုဂ္ဂိုလ်၊ သတင်းအချက်အလက်စုဆောင်းမှု ခေါင်းစဥ်များအလိုက် ရှင်းလင်းဆွေးနွေး၍လည်းကောင်း၊ သတင်းတင်ဆက်ရန် ကြိုတင်ပြင်ဆင်ခြင်းတွင် ရုပ်သံကျွမ်းကျင်-၃ ဒေါ်အိအိသင်းက အမြင် ကောင်းရန်ပြင်ဆင်ခြင်း၊ ကိုယ်ဟန်အနေအထား၊ မိမိကိုယ်ကိုယုံကြည်မှု၊ မျက်နှာအမူအရာ၊ သန့်ရှင်းသပ်ရပ်မှု ခေါင်းစဥ်များအလိုက် ရှင်းလင်းဆွေးနွေး၍လည်းကောင်း၊ ဓာတ်ပုံ ကျွမ်းကျင်- ၂ ဦးအောင်ဝင်းငြိမ်းက ရှုထောင့်ရွေးချယ်မှုနှင့်ဘောင်ခတ်ခြင်း၊ ပေါ်လွင်အောင်ပြသမှု၊ မြင်ကွင်း ကျယ်ကြီးထဲမှ လူတစ်ဦး၊ အစီအစဥ်အလိုက်ပြပါ ခေါင်းစဥ်များအလိုက် ရှင်းလင်းဆွေးနွေး၍ လည်းကောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။


ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး ဝန်ထမ်းများ၊ စာပေဝါသနာရှင်များ၊ စာပေ ချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အောင်ဝင်းငြိမ်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)