ပေါင်မြို့နယ် ၊ဇင်းကျိုက်မြို့၌ တန်ခူးလပြည့်နေ့ ဇင်းကျိုက်ဆံတော်ရှင်ဗုဒ္ဓပူဇနိယပူဇော်ပွဲ သာယာစည်ကားလျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် ၊ဇင်းကျိုက်မြို့၌ တန်ခူးလပြည့်နေ့ ဇင်းကျိုက်ဆံတော်ရှင်ဗုဒ္ဓပူဇနိယပူဇော်ပွဲ သာယာစည်ကားလျှက်ရှိ





MNP ၊  ဧပြီ ၄

မွန်ပြည်နယ်၊ပေါင်မြို့နယ် ၊ဇင်းကျိုက်မြို့၌ တန်ခူးလပြည့်နေ့  ဇင်းကျိုက်ဆံတော်ရှင်ဗုဒ္ဓပူဇနိယပူဇော်ပွဲကိုယနေ့ နံနက်ပိုင်းမှစ၍ ညပိုင်းထိ သာယာစည်ကားလျှက်ရှိကြောင်းသိရသည်။


ဇင်းကျိုက်ဆံတော်ရှင် စေတီတော်မြတ်သည် ဂေါတမမြတ်စွာဘုရားလက်ထက်တော်က သထုံမြို့သို့ ဒေသဇာရီ ကြွချီတော်မူခဲ့ချိန်တွင် ရသေ့ကြီး (၃)ပါးအား ဆံတော် ( ၆ ) ဆူပေးခဲ့သည့်အတွက် သီဟရာဇာ ရသေ့မှ ဇင်းကျိုက်တောင်သို့ ဆံတော်တစ်ဆူ အား ခေါဇာသက္ကရာဇ်  ၈၂၈ ခုနှစ်တွင် ဓမ္မစေတီမင်းကြီးက စေတီတော် အားတည်ထားကိုးကွယ်ခဲ့ရာ ဘုရားပွဲတော်ကိုတန်ခူးလပြည့်နေ့အဖြစ်သတ်မှတ်၍ယခုချိန်ထိစည်းကားသိုက်မြိုက်စွာကျင်းပလျက်ရှိကြောင်းသိရသည်။


ထိုဘုရားပွဲတော်နေ့တွင် စေတနာရှင် အလှူရှင်များက သံဃာတော်များအား ဆွမ်းကပ်ခြင်း၊လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းများအပြင် ဧည့်သည်တော်များအားလည်း တစ်နေ့တာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)