ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်



MNP ၊  ဧပြီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၃ ခုနှစ်(၁၃၈၄ ခုနှစ်) သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များ၊ ဗဟိုမဏ္ဍပ်ဖျော်ဖြေပွဲများဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၂၂)ရပ်ကွက် မင်းရဲကျော်စွာလမ်းနှင့် ပင်းယလမ်းထောင့်တွင်ရှိသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအရှေ့တွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ထိုသို့ သင်္ကြန်ပွဲတော်ကျင်းပရာတွင် ဗဟိုမဏ္ဍပ်အပါအဝင်၊ မဏ္ဍပ်အသီးသီးတွင် မဏ္ဍပ်များတွင်အဆိုတော်များ၊ ဝါသနာရှင်များမှ ခေတ်ပေါ်တေးဂီတသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ သင်္ကြန်ယိမ်းအကအဖွဲ့များ၊ သင်္ကြန်ကာလအကြိုနေ့မှစတင်ကာနေ့စဉ်စတုဒီသာကျွေးမွေးခြင်းများဖြင့် ပျော်ရွှင်စွာကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာ့နှစ်ဆန်း (၁)ရက်နေ့တွင် သက်ကြီးပူဇော်ပွဲ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သင်္ကြန်ကာလအတွင်း ပြည်သူ့များပျော်ရွင်ချမ်းမြေ့စေရန်အတွက် မြို့နယ်၌ဗဟိုမဏ္ဍပ်ဆောက်လုပ်ပြင်ဆင်နေမှုနှင့်ပြီးစီးမှုအခြေအနေကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများအလိုက် ကြီးကြပ်၍ ရေကစားသူများ၊ ဖျော်ဖြေရေး၊ ယိမ်းအဖွဲ့များဖြင့်ကပြခြင်း၊ စတုဒီသာကျွေးသူများဖြင့် ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


ဝင်းအိမွန်

 https://t.me/MyanmarNationalPost 





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)