ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူစာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူစာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းပြုလုပ်


MNP ၊  ဧပြီ ၂၅

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏  Book Club စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။


စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်(၃)ဒေါ်မိုးမိုးဦးက ဖတ်ရှုဆွေးနွေးမည့်စာအုပ်အကြောင်း အနည်းငယ်ရှင်းလင်း ပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ စာရေးဆရာချစ်ဦးညို၏ “တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ” စာအုပ်ထဲမှ  အကြောင်းအရာများကို  စာကြည့်တိုက်လက်ထောက်(၃) ဒေါ်မိုးမိုးဦးက ဦးဆောင်‌ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ Book Club အဖွဲ့ဝင် မလင်းလင်းထက်နှင့် မ‌မေသင်္ကြန်တို့က အဆိုပါ စာအုပ်ပါ အကြောင်းအရာများကို စာပိုဒ်အလိုက်အသီသီးဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 အဆိုပါ စာရေးဆရာချစ်ဦးညို၏ “တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့်ယဉ်ကျေးမှုစာမျက်နှာ” စာအုပ်ထဲမှ စာအကြောင်းအရာများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် စာဖတ်သူများအနေဖြင့် ယဉ်ကျေးမှုတိုးတက်ချင်ရင် အသိဉာဏ်ပညာကိုယ်ခံအားကောင်းရမည်ဖြစ်ကြောင်း၊ စိတ်ဓာတ်ယဉ်ကျေးမှု၊ စာရိတ္တယဉ်ကျေးမှု၊ အသိဉာဏ်ပညာယဉ်ကျေးမှုတွေတိုးတက်ဖွံ့ဖြိုး‌အောင် လုပ်ဖို့အချက်များဟာ အရေးကြီးဆုံးလုပ်ငန်းများဖြစ်ကြောင်းစသည်ဖြင့် မှတ်သားကျင့်ကြံ သွားရမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)