ပုဇွန်တောင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ Book Club ပြန်လည်ဖွဲ့စည်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဇွန်တောင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ Book Club ပြန်လည်ဖွဲ့စည်း



MNP ၊  ဧပြီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Book Club ပြန်လည်ဖွဲ့စည်းခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ပုဇွန်တောင်မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က Book Club ၊ Women Club နှင့် Youth Club များဖွဲ့စည်းခြင်းဖြင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ၊ စာဖတ်သူများ မကြာခဏတွေ့ဆုံကြရခြင်းဖြင့် အချင်းချင်းရင်းနှီးမှုရရှိစေရန်၊ စာပေအသိအမြင်များ အပြန်အလှန်နှီးနှောဖလှယ်ပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီးပြန်လည်မျှဝေရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ တက်ရောက်လာသူများမှ ရှင်းလင်းချက်များ အပေါ် ပြန်လည်အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ထို့သို့ Club အသင်းဖွဲ့စည်းရာတွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များဖြင့်ဖွဲ့စည်းခဲ့ပြီး လူထုအခြေပြုဗဟိုဌာန၌ လစဉ်စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ ပြည်သူများသို့ အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်‌ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ဟန်စုယဉ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)