Pages

Pages

ကလေးဝမြို့ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ လူငယ်နှင့်အားကစား အသိပညာပေး (Talk Show) ပြုလုပ်


MNP ၊  ဧပြီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး  ကလေးဝမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင်  online မှ လူငယ်နှင့်အားကစားသိကောင်းစရာ အသိပညာပေး (Talk Show) ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ပြုလုပ်ခဲ့သည်။


အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးဇော်ဝင်းထွန်းက  ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ 


ထိုနောက် ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက လူငယ်နှင့်အားကစားအကြောင်း သိကောင်းစရာများအား မေးမြန်းဆွေးနွေးရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ  ဒေါ်ခင်ပြုံးရည်က အားကစား၏အဓိပ္ပါယ်၊ အားကစားနည်း (၄) မျိုးအကြောင်း၊  အားကစားကို လေ့လာလိုက်စားခြင်းအားဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၏ ဆောင်ရွက် ရသည့် လုပ်ငန်းတာဝန်များ စသည့်အချက်များကို အသိပညာပေးဆွေး နွေးခဲ့ကြောင်း သိရသည်။


သက်ဟန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment