Pages

Pages

သံတောင်ကြီးမြို့နယ် (Community Centre) ခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆောင်ရွက်


MNP ၊  ဧပြီ ၂၅                          

ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများကို သိရှိစေရန်အတွက် ယနေ့နံနက်(၉)နာရီအချိန်က သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး အသိပညာပေး  Talk   Show  ကို လူထုအခြေပြုဗဟိုဌာန Community      Centre ခန်းမ တွင်ကျင်းပပြု လုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နော်ဝုတ်စတီး ရုပ်သံ-၃)က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး Talk   Show  ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ပြောကြားပြီး မြို့နယ်ဦးစီးမှူးနော်လော်မူကပတ်ဝန်းကျင်  စိမ်းလန်းစိုပြေစေဖို့   သစ်ပင်စိုက်ဖို့၊  သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်အတွက် သစ်ပင်များ ထိန်းသိမ်းစေရန်စသည့် အကြောင်းအရာများ ဆွေးနွေးပြောကြားပြီး သစ်ပင်စိုက်ပျိုးခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများ၊ သစ်ပင်အခြားလောင်စာများကို အသုံးပြုသင့်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရာတွင် လူတိုင်းအားလုံး ပါဝင်ပေးစေလိုကြောင်းစသည့် အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။


နော်နော်မူ

 https://t.me/MyanmarNationalPost




No comments:

Post a Comment